
#ဝါဆိုပန်း ဝါဆိုသင်္ကန်း ကပ်ပွဲ
ဝါဆိုပန်း သင်္ကန်းကပ်တာတေ မြင်ရတော့ ကျွန်မတို့ဘက်က ဝါဆိုပန်း ဝါဆိုသင်္ကန်းကပ်ရတာလေးတေကို အမှတ်ရမိပါတယ်
ကျွန်မတို့ဘက်မှာ သင်္ကန်းအပြင် ပန်းတွေ ကျမ်း တရားတော် စာအုပ်တွေကိုလည်း ကပ်ကြပါတယ်
ဒိအပြင် ကျွန်မတို့ဆီမှာ ဝါဆိုပန်းဆိုပီးသပ်သပ ပန်းအမျိုးရှိပါတယ် ဟိုးကျွန်မငယ်လေးတုန်းကဆိုရင် ဝါဆိုပန်းကပ်မယ့်နေ့ဆိုရင် တနေ့လုံးအလုပ်တေ မလုပ်တော့ပဲ မနက်စောစောကို ဝါဆိုပန်းတေ သွားကောက်ကြပါတယ် ပြန်လာရင် သပြေပန်း မြေစာပန်း နဲ့ တခြားကိုယ်ထည့်ချင်တဲ့ ပန်းတေကို လိုက်ကောက်ပြီးစုထားပါတယ် ပြီးရင်တော့ ငှက်ပျောဖက်လေးတေကို လိပ်ပီး အချွန်းကန်တော့လေးတေပုံစံ လိပ်ပြီး ခုဏက ဝါဆိုပန်းအပါအဝင် အခြားပန်းမျိုးစုံကို ပေါင်းပြီး ကနါတော့ထိုးရပါတယ် ဒါဆိုရင်တော့ ဝါဆိုပန်းလိပ်တေ အများကြီးရပါပြီ ပြီးရင်တော့ ညနေအထိ လတ်ဆပ်နေအောင် ရေလေးထည့်ထားတဲ့ အင်အသေးလေးထဲထည့်စိမ်ထားလိုက်ပါတယ်
ဒီကြားထဲ ဘာလုပ်သလဲဆိုတော့ ရက်ကြိုပီးတော့ဖြစ်ဖြစ် ဝါဆိုသင်္ကန်း နဲ့ ဝါဆိုစာအုပ်တေကို ဘုန်းကြီးကျောင်း ဘုန်းဘုန်းဆီမှာ သွားယူထားပါတယ် (ကျွန်မငယ်ငယ်ကဆို သင်္ဂဇာဆရာတော်ကြီး ဗန်းမော်ဆရာတော်ကြီး မန်လည်ဆရာတော်ကြီးတို့ရဲ့ ဆုံးမ သြဝါဒ ကျမ်းစာအုပ်တေ ဆုံးမတဲ့ ပုံပြင်ဇာတ်လမ်းတေ ဖတ်ချင်လို့ ရက်ကြိုငှားလေ့ရှိပါ့တယ် --- ဆရာတေိာ်ကြီးမျာူရဲ့ ပုံပြင်တေနဲ့ ဆုံးမတာတေ ဖတ်ရတော့ ပုံပြင်တေလည်း ဖတ်ရတော့ တော်တော်ကို သဘောကျနှစ်သက် ခဲ့ရပါတယ်)
ညနေ ၅ နာရီ ၆ နာရီလောက်ဆိုရင်တော့ ခဏက ဝါဆိုပန်းကန်တော့တေကို တစ်အိမ်တစ်မျိုး အလိပ်တေ အများကြီးယူလာကြပါတယ် ဒါတေကို ဘုန်းကြီးကျောင်းထဲမှာ ဘုရားရှင်ကို ကပ်လှူပူဇော်ကြပါတယ်
ပြီးရင်တော့ ဆရာတော်ဘုန်းဘုန်းထံမှာသီလယူ ဘုန်းဘုန်းကလည်း ဝါဆိုပန်းသင်္ကန်း စာအုပ်လှူဒါန်းရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံကို တရားဒေသနာဟောပြပါတယ်
ပြီးရင်တော့ ရေစက်ချ အမျှဝေ သာဓုခေါ် ကြေးစည်တီးပြီး ခုဏက ဝါဆိုပန်းတေကို တရားနာ ပရိပ်သတ် တေကို ဝေငှလိုက်ပါတယ်
ကျွန်မတို့က သူများလုပ်ထားတဲ့ ကန့်တော့တေကိုရသလို ကျွန်မတို့လုပ်ထားတဲ့ ကန်တော့တေကိုလည်း အခြားတစ်ယောက်ယောက်က ရရှိပါတယ် ဆိုတော့ ပျော်တာပေါ့
ပြီးရင်တော့ အဲ့ဒီကန်တော့ကို အိမ်ရဲ့ အဝင် တံခါးဝအပေါ်မှာ တရိုတသေ ညှပ်ထားကြပါတယ် ဒါကိုတော့ သူ့ဘာသာ မပြုတ်ကျမချင်း ဒိအတိုင်းပဲ ချိတ်ထားကြလေ့ရှိပါတယ်
ကျွန်မတို့ဘက်က ဝါဆိုလ ဝါဆိုပန်း သင်္ကန်း စာအုပ်ကပ်တဲ့ ပွဲလေးကလည်း ချစ်စရာကောင်းလို့ ရေးသားလိုက်တာပါ
လိုအပ်ချက်များရှိပါက ကျွန်မနယ်က မိတ်ဆွေများ ဖြည့်ပေးကြပါနော် :)
(ပုံက တော့ ၀န်းသို အမက (ပတိန်ကုန်း) ဆရာမ ဆရာ ကျောင်းသူ/သားများမှ ကောင်းကွေ့ကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်းများ သွားရောက်ဆက်ကပ်လှူဒါန်းကြတဲ့ ပုံလေးပါ။ ပုံလေး ယူသုံးလိုက်တဲ့ အတွက် ဒီမှာပဲ ယူသုံးခွင့် တောင်းပါရစေ။ :) )
No comments:
Post a Comment