ကိုယ်က နယ်မှာနေတာဆိုတော့ သင်္ကြန်ဆိုတာ ပျော်စရာလို့တောင် မထင်ခဲ့ဖူးပါဘူး
သင်္ကြန်ဆိုတာ ရုံးပိတ် အားလပ်ရက်သက်သက်ပဲလို့ပဲ ထင်ခဲ့ပါတယ်
ဒါပေမယ့် ကျွန်မ မနက်က (ပြီးခဲ့တဲ့နှစ်က) ရန်ကုန်သင်္ကြန်လည်တော့ အော် သင်္ကြန်ဆိုတာ ဒီလိုကိုးလို့ အံ့သြခဲ့ရပါတယ်
ကိုယ့်ပတ်ဝန်းကျင်က ရန်ကုန်လို သားသားနားနား လုပ်တာမျိုးမတွေ့ဖူးတော့ ရန်ကုန်သင်္ကြန်က ကိုယ့်အတွက်တော့ အထင်ကြီးစရာ လေးစားစရာကောင်းပါတယ်
သင်္ကြန်တွင်း ဆယ်တန်းဖြေပြီး 2006 တုန်းက ဝန်းသို #ခန္တီးရိပ်သာ မှား မယ်သီလ ၃ လ ဝတ်ခဲ့တာလေးကိုလည်း အမှတ်ရမိပါတယ်
ကိုယ်က ကလေးအရွယ် မနက်အစောကြီး ၃ နာရီခွဲထ ဓမာရုံ တရားထိုင်သွားရတယ်
တရားထိုင်ရင်း ခန္တီးဆရာတော် အဘိဓ္ဇမဟာရဠကုရု ဘွဲ့တံဆိပ်တော်ရ ခန္တီးဆရာတော် ဘုရားကြီးဟောခဲ့တဲ့ တရားတော်ကို အခွေဖွင့်နားထောင်အာရုံပြုရတယ်
မနက်စောစော တရားနားထောင်ရင်း တရားမှတ်ရင်း အိပ်ငိုက်လိုက်တာ ခန္ဓာကိုယ်က ၉၀ဒီဂရီကနေ ကနေ ၄၅ ဒီဂရီစောင်းသွားတယ် အဲ့အချိန် အစောင့်ဆရာတော် က လာပီး နဖူးကို ကြိမ်တုတ်နဲ့ လာထောပ်မှ ဆတ်ခနဲဆို ပြန်အာရုံပြုရတယ် မျက်စိထဲ ဘာတေပေါ်မှန်းလည်းမသိဘူး အမျိုးမျိုးတွေးနေတာလေ စရိတေ နှပ်ချေးတေလည်း ထွက်ကျတယ် အဲ့ဒါတေ သုတ်ချင်ရင် ဒီအတိုင်းမသုတ်ရဘူး အမှတ်နဲ့ သတိကပ်ပြီးသုတ်ရတယ် သတိမကပ်ရင် ဘုန်းဘုန်းက အနားလာပီးပြောတယ် ဆိုတော့ တခါတလေ အဲ့ဒါကြီးမှတ်ပီးမငုတ်ချင်တာရယ် လာပြောမှာကြောက်လို့ မသုတ်ပဲနဲ့ ကျချင်ကျပစေဆိုပီး ပစ်ထားပစ်တယ်
တစ်နာရီ တရားအားထုတ်ပီးရင် တစ်နာရီ စင်္ကြန်လျှောက်တရားမှတ်ရတယ် ပီးရင် အာရုံဆွမ်ုးဖုန်းပို့ ဆွမ်းစားဆောင် စောင်းတန်းတေကို တရားမှတ်ပီးတက်ရတယ် ကျွန်မ ထမင်းဝဝမစားခဲ့ မှတ်နေတာနဲ့ အချိန်က ကုန်ကုန်သွားပီး သူများတေ ထသွားပီးတစ်ယောက်တည်းလည်း မစားတတ်တော့လေ ထမင်းက ယူရင်ယူတယ် ဆုတ်ရင်ဆုပ်တယ် သွင်းရင်သွင်းတယ် ဝါးရင်ဝါးတယ် မျိုရင်မျိုတယ် မှတ်ရတာလေ ဘယ်လို အများကြီးဝင်တော့မလဲ
အဲ့ဒါ ၁၀ ရက်စခန်းပါ တရားစခန်ပွဲပီးတော့ပျော်လိုက်တာ လွတ်လပ်ပီပေါ့ ကလေးဆိုတော့
တရားစခန်းအချိန်မရှိရင်တော့ မနက် ၄နာရီထ ဆွမ်းချက် အာရုံဆွမ်းကပ် နေ့ဆွမ်းအတွက်ပြင် ကြားထဲ ရိပ်သာဝင်းအရှေ့ခြမ်းတစ်ခုလုံး တံမျက်စည်းလှည်း နေ့လည် နေလည် ၁နာရီ တစ်နာရီစာ အတည်းဆုံး တရားထိုင်ရပါတယ်နေတိုင်းပုံမှန်ပါ
တခါတစ်လေ ဆွမ်းချက်အလှည့်မရှိတဲ့နေ့ ဝန်းသိုမြို့ထဲ ဆွမ်းဆန်ခံထွက်ရတယ် အဖိတ်နေ့တော့ အဖိတ်ဆန် တစ်ကျောင်းလုံးတန်းစီထွက်ရတယ် အစကတော့ အိမ်ရှေ့ရပ် ဆွမ်းဆန်ခံရတာ ရှက်ပါတယ် ဆုပေးရင်ကိုယ့်ဘာသာကိုယ်တောင် မကြားရဘူးလို့ ကျွန်မ ဥပ္ဇယ်ဆရာကြီးကပြောလို့ ကျယ်ကျယ် မရဲတရဲ ရွတ်ရတာလည်း ခဏခဏ
နောက်တော့ မရှက်တော့ပါဘူး ရွာတေလည်းသွားရတယ် သူငယ်ချင်းတေနဲ့လည်းတွေ့တယ် သူတို့က ယောက်ျားရော မိန်းမရောကျွန်မကို ဦးတိုက် ရှိခိုးခံရတဲ့အချိန် ဘယ်လိုကြီးလည်းမသိ တမျိုးကြီး ရှက်တာလိုလို အာနာတာလိုလိုလေ
တခြားအချိန် အားချိန်ရှိရင်တော့ ဘုန်းဘုန်းဦးဝါယမိန်က စာအုပ်တေ ပေးတယ် ဖတ်ခိုင်းတယ် ဂျိုးတောင်က ကွန်မ ဆရာမကလည်း ဆယ်တန်းဖြေပီး ဦးနှောက် နှလုံးသားဖြည့်ဖို့တဲ့ သူ့ဆိုင်က စာအုပ်တေ ပေးလိုက်တာ ဖတ်ရတာပေါ့
တစ်ခါသရက် တရုတ်ဆီးသီး ပဲန္နဲသီး နှင်းသီးပေါ်ချိန်ဆိုရင်တော့ နည်းနည်း လုပ်ရဲကိုင်ရဲတဲ့ မယ်သီလနဲ့ပေါင်းပီး မယ်သီလ ဝတ်ရုံ နဲ့ အပင်တက်ပါတယ် ဘုန်းဘုန်းသိရင်တော့ဆူုခံရတာ ကတိပေးရတာ ခဏခဏ
ပဋိပတ္တိကျောင်းမှာ သီလရှင်ဝတာ စည်းကမ်းကလည်းကြီးသလို အသက်အရွယ်ကြီးသူတေများတော့ အငယ်ဆုံးကျွန်မက ဆိုးတာပေါ့
ဖျားလို့ #မက်ကလောင်ခြစ်ပေးတာ (လည်ပင်း ကျော လက်ပြင် မျက်နှာ) မယ်သီလ ၃ ယောက် ချုပ်ထားရပါတယ် ခြေထောက် လက် ခြစ်ပေးတဲ့သူ နာလွန်းလို့ ခြေထောက်ကိုင်တဲ့သူကို အကြီးအကျယ် ကန်ပြီးရုန်းပါတယ် ပီးရင် ပါးစပ်ကလည်း ၃ ယောက်လုံးကို အော်နေ ဆူနေပါတယ် တစ်တောင်လုံးမိုးမွန်အောင်အောင်လို့ ဘုန်းဘုန်းတေက တောင်ပေါ်ကဆင်းလာပြီး ဘာဖြစ်သလဲဆိုပီးလာကြည့်ရတဲ့အထိ အဲ့သလောက် ဆိုးခဲ့တာကို သူတို့က ချစ်လိုက်ကြတာ ဆွမ်းခံပြန်ရင် ဘုန်းဘုန်းတေ မုန့်တမျိုးစီပေးကြတယ်
အကြောင်းအရာတေက အခုအမှတ်ရမိတော့ ပြုံးမိသလို ကိုယ်ဆိုးခဲ့တာတေကိုလည်း တောင်းပန်မိတယ် ကိုယ့်အပေါ်ကောင်းတယ် ကိုယ်က အငယ်ဆုံးဆိုပီး ပေကပ်ကပ် လုပ်တာတေ ပြန်စဉ်းစားတော့ ကိုယ်တော်တော်တရားလွန်ပါလားလို့တွေးမိရင်း စိတ်ထဲ့က တောင်းပန်မိတယ် လူကိုယ်တိုင်တော့ မတောင်းပန်ရသေးပါဘူး smile emoticon
ဒါလေးကလည်း ကျွန်မအတွက် အမှတ်ရစရာ သင်္ကြန်ချိန်ခါ ဖြစ်ရပ်မို့ ရေးမိတာပါ
အော်ကျွန်မရဲ့ဘွဲ့ အမည်က မဥာဏစာရီပါ ( မဥာဏလို့ပဲ ခေါ်ကြပါတယ် တစ်ချို့ကမဥာဏ်လို့တောင် ခေါ်ကြသေး



No comments:
Post a Comment