
ကမ္ဘာ နိုင်ငံတကာဆိုရာမှာ အထူးသဖြင့် အမေရိက ဥရောပ အုပ်စု အမေရိကန် အင်္ဂလန် ကစ UN အဆုံး တို့ဟာ ဆုတံဆိပ် အမျိုးမျိုးတွေ ပေးကြလေ့ရှိပါတယ် ငြိမ်းချမ်းရေးဆု လူ့အခွင့်အရေးဆု အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူဆု စသဖြင့် ပေးကြတာပေါ့
ဒီဆုတွေက အများအားဖြင့် ပဋိပက္ခတွေများတဲ့ နိုင်ငံတွေက တက်ကြွလှုပ်ရှားသူတွေ ဆုချီးမြှင့်ခံရပါတယ်
ဘာလို့ပေးလဲ ဆိုတာထက် ပြောချင်တာကတော့ အဲ့ဒီတစ်ယောက်ကို လုံးဝအထိမခံရနိုင်အောင်အထိ သူတို့က လုံခြုံမှု အကာအကွယ်ကို ပေးထားတတ်ပါတယ်
ဥပမာ - ပါကစ္စတန် မာလာလာ နောက်တစ်ကြိမ် တာလီဘန်တွေ သတ်ခံရဖို့ အခွင့်အရေးနည်းသွားပါပီ ဘာကြောင့်ဆို သူမ့ကို မလုပ်ကြံနိုင်အောင် အမျိုးမျိုးကာကွယ်ပေးထားမှာပါ သိပ်စိတ်ပူစရာမလိုတော့ပါဘူး (ငါတို့သည် မာလာလာ ဖြစ်သည်က စလိုပေါ့။)
ဘာကြောင့်လဲ
ဘာကြောင့်လည်းပြောရင် အားလုံး သဘောတူလက်ခံတဲ့အတိုင်း စစ်ပွဲဖြစ် တိုက်ပွဲဖြစ် ပြီး သေရင် လူတေအများကြီးပဲ သေတာ Idea စိတ်ပိုင်းဆိုင်ရာ အယူအဆ မပြောင်းလဲနိုင်ပါဘူး မသေနိုင်ဘူး ဒီတော့ ဘာမှ ထူးမှာမဟုတ်ဘူလေ
ဥပမာ - အာဖကန်နစ္စတန် အမေရိကန်က အာဖကန် တာလီဘန် သူပုန်တွေကို အစိုးရတပ်နဲ့ပေါင်းတိုက်တာ စစ်စခန်းအကြီးကြီးတွေချပြီးတော့ပေါ့ အမြဲတမ်းနေရာလိုတောင် ဖွဲ့စည်းတည်ဆောက်လိုက်သေး ဆိုတော့ အဲ့ဒီလို တိုက်ပေမယ့် ဘာဖြစ်လဲ ဘာပြောင်းလဲသလဲ ဘာမှ လိုချင်တဲ့ အနေအထားကို မပြောင်းလာပါဘူး လူတွေတော့သေကြတယ် ပြည်သူ နှစ်ဖက် စစ်သား အားလုံးကတော့ ပုံမှန်ပဲ
အမျိုးသမီး ပညာမသင်ရဘူး Sharia ဥပဒေကို မကျော်လွန်ရဘူး
လုပ်ရင် သစ္စာဖောက်မှုနဲ့ ကွတ်မြစ်တယ် တခါခါ ခဲနဲ့ မသေမချင်း ထုသတ်တာလည်းကြားဖူးပါတယ်
ဆိုတော့ အဲ့ဒီလိုနေရာမှာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်လောက် ပေါ်လာကြည့် ပေါ်လာအောင်လည်း ကြိုးစားရပါတယ် သူမကို နောက်ကနေ ထောက်ပံ့ပေးဖို့ သူတို့ လက်တွန့်မနေတော့ပါဘူး Idea ပြောင်းအောင်ဆိုတာ တခြားနိုင်ငံက ဆရာကြီးလုပ်ပြောလို့မရနိုင်သလို ကိုယ့် မိသားစု ကိုယ့်အိုးအိမ်အရေးကို ပိုသိတဲ့သူက ပြောတော့ ပိုနားဝင်လွယ်မယ် ပိုနားလည်လွယ်မယ်
သူမ/သူတစ်ယောက်တည်းရဲ့ စကားက လက်နက်မလိုပဲ တစ်နိုင်ငံလုံးအထိ သက်ရောက်မှုရှိနိုင်ပါတယ်
ပထမ အစတော့ ကျွန်မတို့ကအစ အနောက်ကို အားကျတယ် အမေရိကန်ကို ဆရာတင်တယ်ဆိုတာမျိုး အပြစ်တင်ပြောကြတာမျိုး ဖြစ်ကြပါတယ်
ဒါပေမယ့် အရှိတရားကို မျက်နှာမူပီး ဘယ်ဟာက သင့်လျော်သလဲ ငါတို့ ပြောင်းသင့်သလားဆိုတာ ပြန်ချင့်ချိန်နိုင်တဲ့ အခွင့်အရေး နဲ့ အရည်အသွေးရှိရင် အဆင်ပြေမယ် ထင်ပါတယ်
Revolution မဆန်ပဲ Transformation ဆန်ဆန် Change နည်းကလည်း ထိရောက်တာပဲလို့ ထင်မိတာလေးပါ....................
No comments:
Post a Comment