အသစ် အသစ် နဲ့ ကျွန်မတို့အတွက် စိန်ခေါ်မှု - ၂၀၁၆
အသစ်အသစ်နဲ့ ဆိုတော့ဘယ်လိုလဲဆိုရင်သင်ကြားနည်းစံနစ်အသစ်ရယ်၊တက္ကသိုလ်နည်းပြဆရာမလေးအသစ်ရယ်ပါ။
ကျွန်မတို့မြန်မာနိုင်ငံမှာ ၂၀၁၅ရွေးကောက်ပွဲပြီးလို့ အစိုးရသစ်လည်းရတော့ ဘာဖြစ်လဲဆိုတော့ အကုန်သစ်ကုန်တာပေါ့။အကုန်လုံးက ပြောင်းပြန်လို့ပြောရမလားအကောင်းမြင်ဝါဒပါအောင် ပြောင်းလဲဆန်းသစ် ကုန်ပြီပြောရမလားပါပဲ။အခုအစိုးရဖွဲ့ခွင့်ရတဲ့ပါတီကလည်းအသစ်ဆိုတော့မူဝါဒတွေကလုပ်ပုံကိုင်ပုံတွေ ပြောင်းလဲပြီးလုပ်ပြမယ်လို့လည်းကြွေးကြော်ထားပြန်ပါတယ်။ ဆိုတော့ဒီလိုအနေအထားမှာလိုက်ပြီးသူတို့ပြောင်းသလိုလိုက်ပြီအပြောင်းခံရမယ့်သူတွေထဲမှာ နိုင်ငံ့ဝန်ထမ်း(အစိုးရ၀န်ထမ်း) တွေလည်းပါလာတာ ပေါ့။

ဟိုးတစ်နေ့က ကျွန်မငယ်ငယ်က တက္ကသိုလ်ဝင်တန်းအထိ
ကျောင်းတက်ဖော်တက်ဖက် သူငယ်ချင်း မလေးကကျွန်မကိုဆက်သွယ်လာပါတယ်။ထုံးစံအတိုင်းမတွေ့တာလည်းကြာပြီ။တက္ကသိုလ်တက်ကျတော့ ကျောင်းမတူတော့ လူချင်းကွဲသွားတော့တစ်ယောက်အကြောင်းတစ်ယောက်မကြားရတာလည်းကြာလာ တော့အားရ၀မ်းသာနဲ့ တစ်ယောက်အကြောင်းတစ်ယောက်လက်ရှိလုပ်နေတာလေးတွေနဲ့ပတ်သက်ပြီး တော့လည်း မေးကြပြောဖြစ်ကြပါတယ်။ ကျွန်မရဲ့သူငယ်ချင်းမလေးနဲ့စကားပြောဖြစ်ရင်းနဲ့သူမရဲ့စကားတွေထဲကကျွန်မအတွက်စဉ်းစားဆင်ခြင်စရာလေးတွေလည်းကျန်ခဲ့လေရဲ့။
အခုဘာဖြစ်လာလဲဆိုတော့ အကုန်လုံးက ပြုပြင်ပြောင်းလဲရေးကာလ (အင်္ဂလိပ်လိုဆိုရင် Reform လို့ဆိုနိုင်မလား)မှာကျွန်မသူငယ်ချင်မကသမိုင်းဘာသာရပ်ကို မဟာဘွဲ့ပြီးလို့ အခုလို ခေတ်အသစ်ကြီးမှာ တက္ကသိုလ်နည်းပြဆရာမလေးဖြစ်တာပေါ့။ တက္ကသိုလ်မှာတော့ ဒုတိယနှစ်ကျောင်းသူ/ကျောင်းသားတွေကို အဓိက ပို့ချသင်ကြားရပါသတဲ့။ဆိုတော့ အခုလို ခေတ်သစ်ကြီးမှာ သူမကလည်း ဘယ်နေသာပမလဲ ပညာရေးစံနစ် သင်ကြားနည်းစံနစ်ကလည်း အောက်ခြေကနေ တက္ကသိုလ် အထိ ပြောင်းမယ်ဆိုတော့ အရင်ဆုံးအဲ့ဒီနည်းစံနစ်အသစ်ကြီးကိုသူမတို့လိုတက္ကသိုလ်ဆရာမ/ဆရာတွေကအရင် မြည်းရတော့တာပေါ့ ကိုယ့်မြည်းကြည့်လို့အရာသာသိမှပြန်ပြောလို့ပြန်မြည်းခိုင်းလို့ရမှာလေ။ဆိုတော့သူမတို့က ဗြိတိသျှကောင်စီ (British Council) က သူမတို့ တက္ကသိုလ်မှာ လာပို့ချပေးတဲ့ သင်ကြားနည်းစံနစ် (Methodology)ကို (၂) နှစ်ကြာ သင်တန်းကို စတင်သင်ကြားရပါတော့တယ်တဲ့။ သူမရင်တွင်းခံစားချက်နဲ့ စထွက်လာတဲ့ စကားလုံးက ဒေသသံက ၀ဲဝဲနဲ့ “ငါသေချင်စော်နံနေပြီတဲ့ အင်္ဂလိပ်လိုတွေ အင်္ဂလိပ်လိုပြောတဲ့ သင်တန်းဆရာမ/ဆရာတွေ လာသင်တယ်။ ပြီးတော့ စာရွက် ဘောပင်တွေနဲ့ တစ်ချိန်လုံး စဉ်းစားရတာ အင်္ဂလိပ်စကားလုံးတွေက ကိုယ်ကမသိနဲ့ ကိုယ်က နဂိုက အင်္ဂလိပ်စာ အားနည်းပါတယ်ဆို ဦးနှောက်တွေကို ခြောက်နေတယ်” တဲ့လေ…………..။
တကယ်တော့အခုလို (Critical Thinking)ဝေဖန်တွေးခြင်းလို့ဆိုမလား ဦးနှောက်မုန်းတိုင်းဆင်ပြောမ လား (Brain Storming)ကို ကျွန်မတို့အရပ်ဖက်လူမှုအဖွဲ့အစည်း (Civil Social Organizaitons-CSOs) ၊ အစိုးရမဟုတ်အဖွဲ့အစည်း (Non-Governmental Organizaitons – NGOs) မှာ အလုပ်လုပ်ရပြီး သက်ဆိုင်တဲ့သင်တန်းတွေတက်ရတဲ့သူတွေအတွက်ဒါတွေကရိုးနေပြီလို့ပြောနိုင်ပေမယ့်အခုလို့ဗြုန်းတိုင်းချပြတာကို လုပ်ရတဲ့ အသိုင်းအ၀ိုင်းမှာတော့ စစချင်းအခက်အခဲတွေ တွေ့ရတာတော့ မဆန်းပါဘူး။ တစ်ချိန်လုံး ၀ိုင်းဖွဲ့နေရတယ်။ မေးခွန်းထုတ်ပြောဆိုနေရတယ်။အဖွဲ့ကလူတွေနဲ့ ဆွေးနွေးနေရတယ်။အဲ့သလို ဆွေးနွေးငြင်းခုန်နေ တိုင်ပင်နေရတဲ့သင်ကြားရေးနည်းစံနစ်ကောင်း(အကောင်းဆုံးလို့ဆိုနိုင်မလား)တစ်ခုကိုအခုမှမိတ်ဆက်ရတဲ့အနေအထားမှာဘယ်အရာကပိုလွယ်မလဲနော့....။
နောက်တစ်ချက်ကတော့ ကျွန်မတို့ NGO (အစိုးရမဟုတ်အဖွဲ့အစည်းမှာ) အသိုင်းအ၀ိုင်းမှာ အင်္ဂလိပ်ပညာရပ်ဆိုင်ရာစကားလုံးတော်တော်များများကို မြန်မာလိုဘာသာပြန်တီထွင်မှုအားနည်းပါတယ်။ ကျွန်မကိုသင်ပေးသူကလည်းစကားလုံးအတိုင်းပဲပြောတယ်။ကျွန်မလည်းဒီအင်္ဂလိပ်စကားလုံးကြီးအတိုင်းပဲ ပြောရပါတယ်။ အဘိဓါန်ရှာကြည့်မယ်ဆိုလည်းပိုရှုတ်ကုန်ရောဆိုတော့ဒီအတိုင်းပဲ ပြောသလိုဒီအတိုင်းကိုပဲ ပြန်လည်လက်ဆင့်ကမ်းမိကြတာများပါတယ်။အဲ့သလိုအနေအထားဆိုတော့ တကယ်အောက်ခြေတကယ့် တောသူတောင်သားတွေနဲ့ဗမာစာမတတ်တဲ့ဝန်းကျင်တစ်ခုကသင်တန်းသားတွေကိုပညာပေးရပီ ဆိုရင်တော့ ဒါက လုံးဝအန္တရာယ် ဖြစ်ရုံမက အချိန်သက်သက်ဖြုန်းတီးတာပဲဖြစ်ပါတယ်။ မြန်မာစကား နဲ့ မြန်မာစကားလုံးအဓိပါယ်တောင် တော်တော်နည်းလည်အောင်ကြိုးစားနေရတဲ့လူ့အသိုင်းအ၀ိုင်းတစ်ခုမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ လိုချင်တဲ့ ရည်ရွယ်ချက် မပေါက်မြှောက်နိုင်ဘူးဆိုတာ ကျွန်မတို့ အားလုံး သိထားကြပါတယ်။ ဒါပေမယ့်. ဒီပါးစပ်ကြီးက အကျင့်ပါနေတော့ ဘာဖြစ်လဲ အဲ့ဒီ အင်္ဂလိပ်စကားလုံးကြီးကိုပဲ ငပိသံဝဲ၀ဲ နဲ့ သွားသွားပြောမိတဲ့ အချိန် ကိုယ့်ကိုယ်ကိုယ် ရှက်လိုက်တာ ငါဘာဖြစ်လို့ အဲဒီလိုအမှားကြီး လုပ်နိုင်ရသလဲလို့။
ဆိုတော့ ကျွန်မသူငယ်ချင်းမလေးရဲ့ အခက်အခဲကတော့ ဘယ်တုန်းကမှ မလုပ်ဘူးတာတွေကို လုပ်ရတဲ့အတွက်ဦးနှောက်တွေကိုပူလို့လို့ဆိုပါတယ်။အဲ့သလိုပြောတော့ကျွန်မကပြုံးမိရင်း ကောင်းတာ ပေါ့လို့လို့ ပြောနေရင်းနဲ့ ဘယ်လိုလဲ အဲ့ဒီ သင်ကြားနည်းအတိုင်း မင့်အတန်းထဲ သွားသင်တာလား ဆိုတော့ အမျိုးသမီးက " ငါသင်မလို့တော့ စဉ်းစားဖူးတယ်။ ဒါပေမယ့် မသင်ဖြစ်သေးပါဘူး သင်တော့သင်မှာပါ ငါစိုးရိမ်းတာက အစဆိုတော့ကျောင်းသားတွေကဒါကြီးကို မြင်လည်းမမြင်ဘူးကြားလည်းမကြားဖူးတော့တစ်မျိုးကြီးဖြစ်မှာလည်းစိုးတယ်။အဲ့ဒါကြောင့်အခုတော့အလွှတ်ကျက်ခိုင်းတာပဲလုပ်နေတယ်တဲ့" ကောင်းရော ဒီဆရာမ ပေါက်စကတော့ ဘာပဲဖြစ်ဖြစ် သူမတစ်နေ့နေ့တော့ အဲ့သလိုသင်မယ်ပြောပါတယ်။ ကျွန်မတို့က အလွှတ်ကျက်အာဂုံဆောင်တယ် အကုန်ကျက်နိုင်ရင် အဆင့် (၁) ရတယ် အဆင့်(၁)ရရင် လူတော်ဖြစ်တယ်ဆိုတာ ဒီလူ့အဖွဲ့အစည်းတစ်ခုရဲ့ တန်ဖိုး တစ်ခုလို့တောင် ထင်နေကြပြီ။ အဲ့သလောက် အနည်ကျနေတဲ့အနေအထားမှာ စလုပ်ရတာတော့ ဘယ်လွယ်ပါ့မလဲ။

ကျွန်မတို့ ကျွန်မတို့ကျောင်းမှာ သူငယ်တန်းကနေ တက္ကသိုလ်အထိ
မေးခွန်းလည်း မထုတ်တတ်ဘူးကိုယ်ပိုင်အတွေးလည်းမတွေးတတ်ဘူး၊မတွေးချင်ဘူး၊ တွေးပျင်းလာကြရတယ်။
ပြန်မေးရင် ပြန်မေးခွန်းထုတ် ရင် မလေးစားတာပဲ မရိုသေတာပဲ အထင်မကြီးတာ ဂရုမစိုက်တာစတဲ့အဓိပါယ်တွေပါတယ်လို့ယူဆတော့ မင့်လည်းမမေးဘူး၊ငါ့ကိုလည်းလာမေးနဲ့မေးခွန်းမထုတ်နဲ့အဲသလိုအခုတော့ပြောင်းပြန်အသစ်ခေတ်ရောက်ပြီပေါ့နော်။
မေးခွန်းမေးရမယ်၊ တွေးရမယ်။ ကိုယ်ပိုင်အဖြေရှာရမယ်။ဦးနှောက်ကိုဖွင့်ရမယ်ဆိုတာတွေစလာပြီဆိုတော့ ပျော်စရာဝမ်းသာပီတိဖြစ်စရာပါပဲ။ ဒါပေမယ့်အစမှာရင်ဆိုင်ကြရမယ့်တစ်နိုင်ငံလုံးကဆရာမ/ဆရာပေါက်စတွေအတွက်တော့စိန်ခေါ်မှုကြီး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဆို ကျွန်မတို့က ဒီလိုနည်းစံနစ်
အတွေးအခေါ်တွေနဲ့ အဆက်ဖြတ်ထားခြင်းခံရပြီး အဆက်ပြတ်နေတာ ကြာလှပြီလေ။
ဒါနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့မိတ်တွေတစ် ယောက် ပြောဖူးတာလေးကိုလည်း သတိရမိပြန်ပါတယ်။ဘာတဲ့ "ငါတစ်ခါ အဲ့ဒီ အရပ်အဖက် လူ့မှုအဖွဲ့အ စည်းက သင်တန်းဆိုလား သွားတက်ဖူးတယ် ဘာတွေမှန်းလည်းမသိဘူး အုပ်စုခွဲပြန် စာရွက်တွေနဲ့ ရောင်စုံဘောပင်တွေနဲ့ရေးပြီး ကပ်ပြန် ငြင်းပြန်နဲ့ ဘာတွေလုပ်နေကြသလဲ မသိဘူး အချိန်ကုန် အလုပ်တွေကို ရှုတ်နေကြတာတဲ့ " သူရဲ့ မှတ်ချက်ကြီးကတော့အစမို့လို့အားလုံးသဘောမပေါက်သေးလို့လည်း ဖြစ်နိုင်ပါတယ်သိပ်ခံတွင်းတွေ့ပုံမရပါဘူး။

အပြောင်းအလဲခေတ်တစ်ခုမှာအထက်ကခေါင်းဆောင်တစ်စုကမူဝါဒတစ်ခု၊ဥပဒေတစ်ခုခုကို ပြောင်းလဲပြီဆိုတာနဲ့ အောက်မှာရှိတဲ့ဝန်းထမ်းတွေ နဲ့ ပြည်သူလူထုကလိုက်ပြီးအလိုလိုပြောင်းလဲကြရပါတယ်။ပြောင်းလဲတတ်အောင်ပြောင်းလဲနိုင်အောင်လည်းကြိုးစားကြရပါတယ်။အဲ့ဒီထဲမှာမှကျွန်မသူငယ်ချင်းမလို
နိုင်ငံ့ဝန်ထမ်းဆိုသူတွေဟာ အစွဲမထားပဲ(၅)နှစ်တစ်ကြိမ်အစိုးရပြောင်းတိုင်းသူတို့ရဲ့
ပြောင်းလဲချမှတ်တဲ့မူတွေအပေါ်လိုက်ပြောင်းလဲနိုင်အောင်ကြိုးစားနေကြရတဲ့ အမြဲတမ်းဝန်ထမ်းတွေပါ။
ဒီလိုအခြေ အနေမှာ သူမလိုတက္ကသိုလ်ဆရာမလေးတစ်ယောက်အနေနဲ့ ပညာရေးစံနစ်နဲ့သင်ကြားရေးစံနစ်
ပြောင်းလဲမယ်ဆိုရင်လည်းအာခံလို့မရသလို ပြောင်းပေးရတော့မှာ ဖြစ်တဲ့အတွက် သူမကိုယ်တိုင်
အသစ်ဆို တာကို စပြီး စမ်းသပ်ရတော့တာပဲဖြပါတယ်။
ဒီလိုအပြောင်းအလဲဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ
ဦးဆောင်သူ ခေါင်းဆောင်တွေအနေနဲ့လည်း စိန်ခေါ်မှုတွေရှိသလိုသူ့တို့နောက်ကလိုက်လုပ်ရမယ့်သက်ဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသူ/ကျောင်းသား တွေ၊ ပြည်သူတွေဟာလည်း စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို
ရင်ဆိုင်ကြရတယ် ဆိုတာကိုလည်း တွေးမိရင်း………………………………။
ဇင်မာဦး
၂၆.၄.၂၀၁၆
No comments:
Post a Comment