ဝန်းသို စော်ဘွားကြီး စ၀်အာင်မြတ်အကြောင့် အထွေထွေမှတ်စုများ





 
သီပေါမင်း ပါတော်မူပြီးနောက်
နိုင်ငံအနှံအပြား၌ တိုင်းရင်းသား
ပြည်သူများသည် အင်္ဂလိပ်တို့ကို
တွန်းလှန်တိုက်ခိုက်ခဲ့ကြရာတွင်
အထင်ရှားဆုံးသောသူမှာ
ဝန်းသိုစော်ဘွားကြီး(ဝိန်းဆေ စဝ်ဖှ)
စဝ်အောင်မြတ်ဟု ဆိုလျှင် မမှားပါ။
စော်ဘွားကြီးမှာ ရှမ်းနီလူမျိုးဖြစ်၍ ဖခင်ဖြစ်သူမှာ
မိုးကောင်းမြို့ဝန် ဦးရွှေသား ဖြစ်ပါသည်။
လက်နက်အင်အားချင်း မမျှသဖြင့်
ရှုံးနိမ့်ခဲ့ရသော်လည်း အင်္ဂလိပ်တို့ထံ
လက်နက်မချ၊ သိမ်းသွင်းမှုမခံပဲ
ဆွေမျိုးများရှိရာ ယူနန်နယ်သို့
တိမ်းရှောင်သွားခဲ့ပါသည်။
နောက်ပိုင်းတွင် တောင်ကြီးမြို့၌
နေထိုင်ခွင့်ပြုခဲ့သော်လည်း
ရှမ်းနီဒေသသို့ ပြန်ခွင့်မရခဲ့ပါ။
တောင်ကြီးမြို့၌ပင် ကွယ်လွန်အနိစ္စ
ရောက်ခဲ့ပါသည်။

ဓါတ်ပုံ- မူရင်းပိုင်ရှင်အား ခရက်ဒစ်ပေးပါသည်။
Credit to maungmaung toeaung

by ~ Zaw Lin Win - ရှမ်းပြည်မြင်ကွင်းစုံ Facebook
Facebook မှ  မှတ်ချက်များအား စုစည်းတင်ပြခြင်း
၁) ထူးခြားချက်ကတော့
စော်ဘွားကြီးဟာ
တော်လှန်ရေးခေတ်ဦး

ပါတော်မူခေတ်မှ
ခေတ်အဆက်ဆက်ဖြစ်သော
အင်္ဂလိပ်ခေတ်
ဂျပန်ခေတ်
ဖဆပလ ခေတ်
တော်လှန်ရေးကောင်စီခေတ်
ဦးနေ၀င်း ခေတ်တိုင်အောင်
အသက်ရာကျော်နေခဲ့ရသော
ရှားပါး သူရဲကောင်း အာဇာနည်
ဖြစ်ပါတယ် (Htay Htay အကောင့်ပိုင်ရှင်မှ)
၂) ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ်သည်
နယ်ချဲ့တော်လှန်ရေး ခေတ်ဦးကာလ၌
ဝန်းသိုမြို့မှ ပင်လည်ဘူးမြို့သို့ ပြောင်းရွှေ့ပြီး

ဟော်နန်းစိုက်ထူကာ ပငလည်ဘူးမြို့ကို
ခြေကုပ်ယူလျက် သုံးနှစ်ကြာ နယ်ချဲ့တော်လှန်ရေး
စစ်ပွဲကို ဆင်နွှဲခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင်
ပင်လည်ဘူးမြို့မှ ထွက်ခွာပြီး
သူ့ကျွန်မခံ ဒူးမထောက် လက်မမြှောက်ဘဲ
တရုတ်ပြည် ယူနန်နယ်သို့ခိုလှုံ သွားခဲ့ပါသည်။
နယ်ချဲ့တော်လှန်ရေးကာလတစ်လျှောက်လုံး
ပင်လည်ဘူးမြို့ကို အခြေစိုက်ကာ တော်လှန်ရေး
ဆင်နွှဲခဲ့သော စော်ဘွားကြီးဦးအောင်မြတ်အကြောင်း
ပင်လည်ဘူးသားများ သိရှိနားလည်ကာ
ဂုဏ်ယူကြစေချင်ပါသည်။ (Mg Han Tint အကောင့်ပိုင်ရှင်မှ)
၃) စော်ဘွားကြီးရဲ့အုတ်ဂူ တောင်ကြီးမြို့ ရပ်တော်မူဘုရားကြီးနှင့်အမက ၇ ကျောင်းကြားထဲမှာရှိတယ်
ငယ်ငယ်က ၄ တန်းဖြေတော့ ထ၂ ကနေ အမက ၇ မှာသွားဖြေရတုန်းကရောက်ဘူးတယ် အဲဒီအချိန်
တွေကိုအရမ်းသတိရတာဘဲကွာ တောင်ကြီးသားဟောင်း (Zaw Nanda အမည်ဖြင့်)
၎) ဦးနေဝင်း အာနာသိမ်းပီး ဝန်းသိုကိုပြန်ခွင့်တောင်းပေမဲ့ မရခဲ့ပါဘူး အသက် ၁၀၅နှစ် ၁၉၆၅မှာကွယ်လွန်ပါတယ် အမြောက်တွေဖေါက်ပီး ဂုဏ်ပြုခဲ့ကြပါတယ် (Maung Mg အမည်ဖြင့်)
၅) ခေါင်းပေါင်းအမြဲပေါင်းထားပြီး
သစ်တောရပ်ကွက်တွင် ၀န်းသိုအမျိုးများရှိသည်။
စော်ဘွားကြီးစကားနည်းသည် (Sao Naing အမည်ဖြင့်)
၆) တောင်ကြီးကမိတ်ဆွေများခင်ဗျားအာဇာ
နည်စော်ဘွားကြီးရဲ့ဂူဗိမာန်ကိုသေချာပြု
စုစောင့်ရှော်ပေးဘိုမေတ္တာရပ်ခံပါတယ်ခင်ဗျ (ပန်ထွာ ဧကရီ အမည်ဖြင့်)
၇) စော်ဘွားကြီးအကြောင်းပြည့်ပြည့်စုံစုံ သိချင်ရင် ဝန်းသိုမြို့ မှန်ကျောင်းကျောင်းတိုက်တွင် ဓာတ်ပုံနှင့်တကွလေ့လာနိုင်ပါတယ် မြေးမြစ်များလည်း တွေ့ဆုံပေးနိုင်ပါတယ် (KoKo Min Ko အမည်ဖြင့်)
၈) ငယ်‌ငယ်‌တုန်းက‌တော့ ရပ်‌‌တော်‌မူ
ဘုရား‌မြောက်‌‌ခြေရင်းနားမှာရှိတဲ့
‌စောဘွားအုတ်‌ဂူကိုမကြာခဏ‌ရောက်‌

ဖူးပါတယ်‌‌ကျောင်းသင်‌ခန်းစာအချို့
မှာ‌ရော လူကြီးမိဖ‌ပြောစကား‌တွေအရ‌ရော
သင်‌ကြားသိမြင်‌ ခဲ့ရပါတယ်‌
အဲ သည်‌တုန်းက‌တော့သီးသီးသန့်‌သန့်‌‌
‌ပေါ့ ခု‌တော့အိမ်‌ကြိုအိမ်‌ကြားမှာ ၊
သူ့ ‌ကျေးဇူးကျ‌နော်‌တို့ မှာရှိတယ်‌‌နော်‌
ဘယ်‌လို‌ပေးဆပ်‌ကြမလဲ ။ (Myo Naing အမည်ဖြင့်)
၉) အမေ့ခံ ရှမ်းလူမျိုးတို့ရဲ့ခေါင်းဆောင် စဝ်အောင်မြတ်(ဝန်သိုစော်ဘွား) (Sai Sai Zaw အမည်ဖြင့်)
၁၀) ၁၅၅နှစ်ရှိပါပြီ (Saosandar Kyi အမည်ဖြင့်)
၁၁) စဝ်ဖလုံ အသက် ၁၀၅နှစ်မှာ ကန်တော့ခွင့်ကြုံခဲ့ပါတယ် (Annie Hpa အမည်ဖြင့်)
၁၂) နေဝင်းကဝန်းသိုပြန်ခွင့်မပြုတာ
ဘာသဘောလည်း
နေဝင်းကသူတော်ကောင်းနဲ့

မတည့်တဲ့ရောဂါရှိတယ် (Win Sint အမည်ဖြင့်)
၁၃)             

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment