ဝန်းသိုက မုန့်



ဝန်းသိုကမုန့်တွေက မြို့ကြီးပြကြီးတွေ နဲ့ တစ်ခြားနယ်တွေကမုန့်တွေနဲ့ အမျိုးအစားကွာတယ် မုန့်တွေ ရှိကောင်းရှိမယ်ထင်ပါတယ်…
ကျွန်မဒီမုန့်စာရင်းတွေ ပြုစုနေရတာကတော့ တခြား ထူးထူးခြားခြား ရည်ရွယ်ချက်မဟုတ်ပါဘူး။ ကိုယ့်ဒေသက အစားအသောက်ကို မှတ်တမ်းထင်ထားရုံပါ။
မုန့်အမျိုးအစားမရေးခင် မုန့်တွေကို ကျွန်မတို့ ၀န်းသိုဘက်မှာလည်း ပွဲလမ်းသဘင်ရှိတဲ့အချိန်မှာ ပိုလုပ်စားဖြစ်ကြပါတယ်။ မုန့်တော်တော်များများက ဒီရန်ကုန်မှာ တွေ့ဖူးသလို မုန့်တော်တော်များကိုလည်း ဒီရန်ကုန်မှာ မတွေ့ဘူးပါဘူး။ ဒါကြောင့် တစ်ချို့ထူးထူးဆန်းဆန်းမုန့်အမျိုးအစားတွေကို ကျွန်မက အသေးစိပ်ဖော်ပြပေးမှာဖြစ်ပြီး တူရင်တော့ နာမည်လောက်ပဲ ရေးဖြစ်ပါမယ်။
၁) မုန့်ဆီကြော်
မောင်ရှင်လောင်းတွေကို တစ်ကိုက်စီ မိခင်၊ ဖခင်တွေက ကျွေးပေးရပါတယ်။
မုန့်ဆီကြော်ကို ဘယ်လိုလုပ်သလဲဆိုတော့ ဆန်အမာ မုန့်နှစ် (ဆန်မုန့်) ကို ထန်းညက်(ထန်းလျက်) ရယ် ရေနည်းနည်းရယ် နယ်ပြီး ဆီများများနဲ့ မုန့်ဆီကြော်ဆိုတာ ကျွန်မတို့ဘက်မှာ အလှူပွဲ၊ ကထိန်ပွဲတွေမှာ မလုပ်မဖြစ်လုပ်လေ့ရှိကြပါတယ်။ အလှူပွဲတွေမှာတော့ ကျော်ပြီးစားတာပါ။ ကောက်ညှင်းမုန့်နှစ် သို့မဟုတ် ဆန်အပျော့ဆိုရင်တော့ စီးတဲ့အတွက် အဆင်မပြေပါဘူး။ကျွန်မတို့ဒေသမှာ ဆန်အစီးထွက်ပါတယ်။ ဒါပေမယ့် ဆန်အမာကိုလည်း စိုက်ပျိုးကြတဲ့အတွက် ကျွန်မတို့ မုန့်ဆီကြော်လုပ်စားဖို့ အဆင်ပြေပါတယ်။
၂) မြစ်ပါးယာ
- မြစ်ပါးယာဆိုတဲ့ စကားလုံး အဓိပါယ်ကိုတော့ ဘာလဲဆိုတာ ကျွန်မတို့ မသိပါဘူး။ ဒါပေမယ့် ဒီနာမည်ပဲ အစဉ်အဆက်ခေါ်ပါတယ်။
- မြစ်ပါးယာဆိုတာ အများပြောပြောနေတဲ့ မန္တလေးထိုးမုန့်ကို ခေါ်တာပါ။ သူ့ကောက်ညှင်းဆန်နဲ့ ဆန်အပျော့နဲ့ ရောပြီး ကျိတ်ထားတဲ့ မုန့်နစ် (ဆန်မုန့်)နဲ့လုပ်ပါတယ်။ မုန့်နစ်ကို အရင်ဆုံး ခေါစီ (ခေါပုတ်)အရွယ်လောက်လုံးထားရပါတယ်။ ပြီးရင် ဆီနဲ့ ထမ်းလျှက်နဲ့ သို့မဟုတ် သကြားနဲ့ကို ကြေအောင် ရေလေးနည်းနည်းနဲ့ ဒယ်အိုးထဲမှာ ချေရပါတယ်။ အားလုံးကျေပီဆိုမှ ခုဏက အလုံးတွေကို ထည့်ပြီး မကျေမချင်း သံကြား သို့မဟုတ် ထန်းညက် (ထန်းလျှက်)တွေနဲ့ ချေပေးရပါတယ်။ ဒီမုန့်လုပ်ရတာ ထမနဲ လုပ်ရသလို ပင်ပမ်းပါတယ်။ ဆီလည်း အများကြီးကုန်ပါတယ်။ အကုန်ကျေအောင်ချေပြီး အဆာပလာ (ဘိန်းစေ့၊ အမွှေးရေ) စတာတွေကို ထည့်လိုက်တာပါ။ အားလုံးကျေညက်လို့ ဆီလည်း စက်သွားပီဆိုရင် တော့ လင်ပန်းထဲကိုထည့်ထားပြီး အေးသွားရင် ဓါးလေးနဲ့ လှလှပပ လွှာပြီး စားလို့ရပါပီရှင်။
၃) မုန့်ပိုက်ဆံ
မုန့်ပိုက်ဆံလုပ်နည်းတော့ အတိအကျ မပြောပြတတ်ပါဘူး။ သူလည်း ဆီကျော်မှုန့်အမျိုးအစားပါပဲ။ ကထိန်တွေလုပ်ရင် ကျွေးလေ့ရှိပါတယ်။
၎) မုန့်ပိုးစီ
မုန့်ပိုးစီကတော့ ကောက်ညှင်းဆန် မုန့်နစ် (ဆန်မုန့်)နဲ့ လုပ်ရပါတယ်။ ကောက်ညှင်းဆန်ကို ရေနည်းနည်းနဲ့ လက်နဲ့ ဆုပ်လိုက်ပါတယ်။ ရှည်မျှောမျှော အလုံးပုံလေး ရအောင် ပြီးရင် ဆီးထဲထည့်ကြော်ပြီး ကျက်ရင် သကြား သို့မဟုတ် ထမ်းလျှက် ဆမ်းပြီး စားရပါတယ်။
၅) မုန့်အုန်းလုံး
မုန့်အုန့်လုံးလည်း ကောက်ညှင်းမုန့်နစ်နဲ့ပဲလုပ်ပါတယ်။ ကော်ညှင်မုန့်နစ်ကို ရေလေးနည်းနည်းနဲ့နယ် ပြီးရင် အလယ်မှာ ဟောင်းလောင်းပေါက်လေးထားပြီး အဲ့ဒီအထဲမှာ မြေတောက်ပဲ ထောင်း နဲ့ ထမ်းညှက်ရှည်ကို ထည့်ပြီး အလုံပတ်လုံးလိုက်ပါတယ်။ ပြီးရင် ကြောင်လိုက်ပါတယ်။ ကျက်ရင် စားလို့ရပါပီ။
၆) မုန့်ဦးနှောက်
မုန့်ဦးနှောက်ကတော့ ပေါင်းရတဲ့ အမျိုးပါ။ ကော်ညှင်းဆန် နဲ့ ဆန်ကြမ်းကို ဆား၊ ဆီ၊ အချိုမှုန့်နည်းနည်းနဲ့ နယ်ပြီး ပေါင်းချောင်ထဲထည့်ပေါင်းပြီး ကျက်ရင် စားလို့ရပါပြီ။ ရန်ကုန်မှာလည်း မုန့်ဦးနှောက်လို့ အော်တာကြားဖူးပါတယ်။ ဒါပေမယ့် ရန်ကုန်က ခေါ်တဲ့ မုန့်ဦးနှောက်နဲ့တော့ မတူးပါဘူးရှင့်။
၇) နှမ်းပျက်
နှမ်းပျက်ကတော့ လူတိုင်းသိမှာပါ။ နှမ်းကို ယိုထိုးတာပါ။
၈) ပေါက်ပေါက်မရိုး /ဆန်မရိုးကြီး/ ဆန်မရိုးလေး
ပေါက်ပေါက်ကတော့ ဆန်နဲ့ လည်းလုပ်သလို ပြောင်းဖူးနဲ့လည်းလုပ်ပါတယ်။ ဆန်ဆိုရင်တော့ ကောက်ညှင်း စပါးကို ထည့်လှော်လိုက်တာပါ။ သူ့ဘာသာသူ အခွန်တွေကျွတ်ထွက်လာပြီး အပွင့်လေး တွေဖြစ်လာပါတယ်။ ပြောင်းဖူးပေါက်ပေါက်ကတော့ ပြောင်းဆန်ကို မြေအိုးကင်းထဲ ထည့်လှော်တာပါပဲ။ ပန်းတွေ ပွင့်လာရင် စားလို့ရပါတယ်။
သူတို့ကို ယိုထိုးစားလို့ရပါတယ်။ ထမ်းညှက်နဲ့ ထိုးတာပါ။ မရိုးမှာ မရိုးကြီး အသေးရှိပါတယ်။ လုပ်နည်းတော့ အသေးစိပ်မသိပေမယ့် ကျွန်မတို့ဘက်မှာ ဒါကို လုပ်စားလေ့ရှိကြပါတယ်။

၉) မုန့်ကျွဲသဲ      
မုန့်ကျွဲသဲကတော့ ဆန်ကြမ်းကို ထန်းညက် (ထန်းလျှက်) ရယ် ထုံးလေးနည်းနည်းထည့်ပြီး ကျိုလိုက်တာပါ။ အကြာကြီးမွှေနေရပါတယ်။ မမွေပဲထားရင် မီးတူးနိုင်သလို မကျေပဲဖြစ်နေတတ်လို့ပါ။ ပျက်ပျက်ကလေး ဖြစ်ပြီး အကုန်လုံးလည်း ကျက်ပြီဆိုရင်တော့ ဆီဖြန်းထားတဲ့ လင်ပန်းထဲထည့်ပြီး အအေးခံထားလိုက်ပါတယ်။ အေးရင် အခဲလေး အတုံးလေးတွေဖြစ်နေပြီး ဓါးပါးပါးလေးနဲ့ လှီးစားလို့ရပါပီ။
၁၀) မုန့်စိမ်းပေါင်း
မုန့်စိမ်းပေါင်းကတော့ ဆန်ကြမ်းမုန့်နစ်နဲ့ပဲ လုပ်ပါတယ်။ အသေးစိပ်တော့ မသိတော့ပါဘူး။ ပေါင်းချောင်နဲ့ပဲ ပေါင်းရပါတယ်။ သူက အရသာနှစ်မျိုးစားလို့ရပါတယ်။ အချိုရယ် အဆိမ့်ရယ်ပါ။ အချိုကြိုက်ရင် အချိုလုပ်စားနိုင်သလို အဆိမ့်ကြိုက်ရင် အဆိမ့်ပေါ့။ သူက မွှမွှလေးပါ။ အတုန်းလုက်ကြီး မဟုတ်ပါဘူး။
(ကျွန်မတို့မှာ တစ်ယောက်ယောက် အောက်စလွှတ်နေရင် သိအောင် “အောက်ကဟောင်းလောင်း မုန့်စိမ်းပေါင်း” လို့ ပြောရပါတယ်။ ဒါဆိုရင် သူဖင်ပေါ်နေတယ်။ အောက်စ လွှတ်ပြီးထိုင်နေတယ်ဆိုတာ သတိထားမိနိုင်ပါတယ်။)
၁၁) မုန့်ကြီးပေါင်း
မုန့်ကြီးပေါင်းလည်း မုန့်စိမ်းပေါင်းလို ဆန်အမာ မုန့်နစ်ကို ပေါင်းရတာပါ။ ထမ်းညှက်အရည်ပါပါတယ်။ အသေးစိပ်တော့ မသိတော့ပါဘူး။ စားလို့အရမ်းကောင်းပါတယ်။ သူက အတုံးအတုံးတွေပါ။ ကိတ်မုန့်နဲ့ တူပါတယ်။ မုန့်စိမ်းပေါင်း၊ မုန့်ကြီးပေါင်း လုပ်တတ်တဲ့သူဆိုတာ နာမည်ကြီးပါတယ်။ လုပ်တိုင်း မဖြစ်တတ်လို့ပါ။
၁၂) မုန့်ဖက်ထုပ်
မုန့်ဖက်ထုပ်တော့ အားလုံး သိကြမယ်ထင်ပါတယ်။ ကောက်ညှင်းဆန်မုန့်နစ်ထဲမှာ အုန်းသီး၊ သကြား သို့မဟုတ် ထန်းညက် (ထန်းလျှက်) ကိုထည့်ပြီး ဖက်နဲ့ထုပ် ပေါင်းလိုက်တာပါ။
(အောက်ပါ မုန့်တွေကတော့ နေရာဒေသတိုင်းမှာ ကျွန်မတွေ့ဖူးလို့ ဘယ်လိုလုပ်တယ်ဆိုတာ သိကြမယ်ထင်လို့ ထွေထွေထူးထူး မပြောတော့ပါဘူး။)
၁၃) ဂျုံကျို
၁၄) သာကူကျို
၁၅) မုန့်ကြွေစေ့
၁၆) မုန့်ပျက်သလက်
၁၇) မုန့်လက်ဆောင်/ရွှေရင်အေး
၁၈) ထမနဲ
၁၉) မုန့်လက်ကောက်
၂၀) ငှက်ပျောထုပ်
၂၁) ခုန်ထုန်ထုပ်
၂၂) ရွေခြည်
၂၃) ပူတင်းအမျိုးမျိုး (ငှက်ပျော၊ ဆန်၊ အသီးအမျိုးမျိုး)
၂၄) မုန့်ကြိုးခွေ
၂၅) မုန့်လင်မယား
၂၆) ထမင်းချို (ကစော်ချို)
ဒါတွေအားလုံးက ကျွန်မတို့ ၀န်းသိုနယ်ဘက်က စားကြတဲ့ မုန့်တွေပါ။ ပွဲတွေ ရှိရင် တစ်ရွာလုံး ရွာလုံးကျွတ် မုန့်တွေ အပြိုင်အဆိုင်လုပ်ပြီး ကျွေးကြပါတယ်။ တစ်အိမ်ကို မုန့် နှစ်မျိုး သုံးမျိုးလုပ်ပြီး ကျွေးကြပါတယ်။
အိမ်ကိုလည်း ထုပ်ပေးပါတယ်။ ပွဲနေ့မတိုင်ခင်ညကိုလည်း အလည်သွားလို့ရပါတယ်။ သွားရင် မုန့်လုပ်ကူရသလို မုန့်တွေကြိုပြီး စားရပါတယ်။ လူပျိုတွေက အပျိုတွေဆီ အလည်သွားချင်ရင် ဒီလိုနည်းလေးတွေဖန်ပြီး သွားကြတာပေါ့။ 

ဇင်မာဦး 
၃.၅.၂၀၁၆

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment