'ကင်း' အိုး

ကင်း အိုး... မူရင်းဓါတ်ပုံ We Love Wuntho Facebook Group


ကျွန်မတို့ဝန်းသိုဘက်မှာလည်း ဒီလို မြေကြီးနဲ့ လုပ်တဲ့ ရေအိုးလေးတွေ လုပ်တဲ့နေရာရှိပါတယ်
"‪#‎ကင်း‬"တိုက်နယ်ပါ
ကျွန်မတို့ဘက် ဒီအချိန် ပွဲ (အလှူ) ပေါတဲ့အချိန်ဆိုရင်တော့ ပရိတ်ရေအိုး ညောင်ရေအိုး(ဘုရားပန်းအိုး) တွေအများကြီးလုပ်ရသလို ရေအိုးတွေလည်း အများကြီး လုပ်ရပါတယ်
ကျွန်မတို့ဘက်က အိုးပုံအများစုကတော့ အောက်က အိုးပုံလေးတွေနဲ့ နည်းနည်းလေးကွဲပါတယ်
အိုးလေးတွေက ချောချော လုံးလုံးဝိုင်းဝိုင်းပုံစံရှိပီး ပါးပေမယ့် ခိုင်ခံ့ပါတယ်
ကျွန်မတို့ ဒေသမှာတော့ ကင်း အိုးဆိုတာ နာမည်ကြီးပေါ့
ကျွန်မတို့က မီးရထားလမ်းပဲ အဓိကအားကိုးရတော့ ကင်းအိုးတေကို ဒီအချိန် ဘူတာရုံမှာ အထက် အောက်ပိုင်းတင်ပို့ဖို့ အစီအရီ အပုံလေးတေ ရှိနေလောက်ပါပီ
တစ်ခုထူးခြားတာက ကျွန်မတို့ဒေသက ခေါင်းရွက်တာ မရကြပါဘူး ရေအိုးတစ်လုံးလေးတောင် ခေါင်းပေါ်မရွတ်တတ်ကြပါဘူး
ကျွန်မတို့က ဝါးလုံးကြီး ဒါမှမဟုတ် ဝါးပါးပါျးလးပြားထားတဲ့ ထမ်းပိုးပဲ သုံးပီးသယ်နိုင်ကြပါတယ် အထမ်းကို ပခုံးပေါက် အမာရွတ်ထအောင် ထမ်းနိုင်ကြသူတွေပါ
မထမ်းချင်ရင်တော့ စက်ဘီး ဆိုင်ကယ် ကားနဲ့သယ်ကြတာပေါ့
ငယ်ငယ်တုန်းက ကင်းက အမျိုး အိုလေး (အဖွားလေး) အိုအို(အဖွား) အဘိုးတေဆီ ဆွမ်းဆန်ပို့(အမျိုးများအား သွားရောက်ကန်တော့) သွားရင် အိုးတေ ထမ်းပိုးတစ်လုံးနဲ့ ဟိုဘက်အိုး၂လုံီးဘက်အိုးနှစ်လုံးကို ဆွမ်းဆန်ပြန် (လက်ဆောင်ပြန်) အဖြစ် ထည့်ထည့်ပေးလို့ ကျွန်မတို့ကတော့ သိပ်ဝယ်သုံးစရာမလိုတော့တာ များပါတယ်

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment