သိန်း (၁၅၀၀) ဆု ထီပေါက် သော်လည်း ထီလက်မှတ် ပျောက်နေ

Monday, November 25, 2013    No comments

ကသာ ခရိုင်၊ ၀န်းသို မြို့နယ်၊ မယ်ဇလီ ကျေးရွာ အုပ်စု၊ မယ်ဇလီ ကျေးရွာ နေ ဒေါ်နှင်းနွယ်ဦး သည် (၂၉၈) ကြိမ် အောင်ဘာလေ ထီ သိန်း (၁၅၀၀) ဆု ပေါက်သော် လည်း ထီ လက်မှတ် ပျောက်ဆုံး နေကြောင်း သိရ သည်။
၂၀၁၃ - ခုနှစ်၊ အောက်တိုဘာ လ (၂၀) ရက် ၀န်းကျင် ခန့် က အသက် (၂၀) ခန့် လူငယ် (၂) ဦး မှ ဆိုက်တွဲ (နံပါတ် မသိ) ဖြင့် သီချင်း ဆို၍ ရွာစဉ် လှည့်လည် ထီရောင်းချ သူများ ထံမှ ဓ - ၈၆၅၅၄၈ ဂဏန်း အပါအ၀င် (၅) စောင်တွဲ ထီအား တစ် စောင် လျှင် (၈၀၀ိ/-) ကျပ်နှုန်း ဖြင့် (၄၀၀၀ိ/-) ကျပ်ဘိုး ထီထိုး ခဲ့သည်။

၎င်း ထီလက်မှတ် အား အောင်ဘာလေ ထီဖွင့်ပြီး သော်လည်း ထီပေါက်စဉ် ဖြင့် မတိုက် ဖြစ်ခဲ့ဘဲ ထီ လက်မှတ် ရောင်းသူ များ က (၄-၁၁ ၂၀၁၃) ရက် နှင့် (၇-၁၁-၂၀၁၃) ရက် တို့တွင် လာရောက် မေးမြန်း ကြောင်း အိမ်နီးနား ချင်း များမှ ပြောပြ ခဲ့သည်။ ၁၀-၁၁-၂၀၁၃ ရက်နေ့ တွင် ၄င်း ထီရောင်းချ သူများမှ ထီလက်မှတ် ထီ ပေါက် မပေါက် တိုက်ပေး မည်၊ ယခု လည်း (၂၉၉) ကြိမ် ထီလက်မှတ် အစောင် (၂၀) အား လက်ဆောင် ပေးခဲ့ သည်။ (၂၉၈) ကြိမ် ဓ-၈၆၅၅၄၈ ပါသော ထီ (၅) စောင်အား မသိအောင် ယူဆောင်ပြီး ဆိုင်ကယ် ဖြင့် ပြန်လည် ထွက်သွား ခဲ့သည်။

ထီရောင်း ချသူများ ထွက်သွား ပြီး သတိရ ချိန်တွင် (၂၉၈) ကြိမ် ဓ-၈၆၅၅၄၈ ပါ ထီ လက်မှတ် များ မရှိတော့ ကြောင်း သိရပြီး ဆွေမျိုး မိသားစုနှင့် တိုင်ပင် ၍ ထီပေါက်စဉ် ၀ယ်၍ ထီတိုက် သော အခါ သိန်း (၁၅၀၀) ဆု ပေါက်မှန်း သိရသည်။ သို့ ဖြစ်၍ ၀န်းသို မြို့နယ်၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထိန်မင်း ထံ အကူ အညီ တောင်းခံ ပြီး အရေးယူ ဆောင်ရွက် ပေးနိုင် ပါရန် အောင်ဘာလေ သိန်းဆု ဌာနသို့ အောင်ဘာလေ သိန်း (၁၅၀၀) ဆု ထုတ်ပေးခြင်း အား တားမြစ် အရေးယူ ပေးနိုင် ပါရန် တိုင်တန်း ထားကြောင်း သိရှိ ရသည်။

ငြိမ်းငြိမ်း ( ကသာ )
မြ၀တီ
 http://myanmaspectrum.blogspot.com/2013/11/blog-post_1264.html မှ ကူးယူဖော်ပြပါသည်။

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment