မနေ့က ရှမ်းခေါက်ဆွဲစားချင်တာနဲ့ သွာျးစားလိုက်ပါတယ်။ဒါနဲ့ ဒီစာလေး ရေးချင်စိတ်ပေါ်လာလို့ မျှဝေရေးသားလိုက်တာပါ။
တကယ်တော့ ရန်ကုန်မှာ အစားအစာ တစ်ခုစားရတာ ကိုယ့်နယ်ကနဲ့ မတူပါဘူး။ ဘာမတူတာလဲ အခေါ်အဝေါ်မတူဘူး၊ အရသာ မတူဘူး၊ ဈေးမတူဘူး။
အခေါ်အဝေါ်ဆိုလည်း သူတို့ခေါ်ခေါ်နေတဲ့ ဆန်စီးဆိုတာ ကို ကျွန်မတို့က ရှမ်း လို့ခေါ်ပါတယ်။ သူတို့ခေါ်တဲ့ ရှမ်းကိုတော့ ကျွန်မတို့က ရေစိမ်လို့ ခေါ်ပါတယ်။ ဒါကြောင့် အစားအစာ မှာပြီဆို ရှမ်းစားချင်တာကို ရှမ်းလို့ မမှာရပဲ ဆန်စီးလို့ ပဲ မှာရတော့ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး မှာမှာ နေရပါတယ်။ ကျွန်မ က ၀န်းသိုနယ် ဇာတိ ဖြစ်ပြီး ကျောင်းကို ကချင်ပြည်နယ် မိုးညှင်းမှာ တက်တာမို့ ကျွန်မ တော်တော်ကြာနေဖူး တဲ့ ပတ်ဝန်းကျင်ကတော့ ဆန်းစီး ဟာ ရှမ်းခေါက်ဆွဲ - သူတို့ခေါ်တဲ့ ရှမ်းက ရေစိန်ပဲ ခေါ်တာတွေ့ပါတယ်။ မန္တလေးမှာလည်း အဲ့ဒါလေးတွေ ခဏခဏ ကြုံဖူးပါတယ်။ သူတို့လည်း ဆန်စီးပဲ ခေါ်ပါတယ်။
ကျွန်မ အိမ်ပြန်လို့ ကောလင်းမှာ ခဏ နားရတော့ သူတို့လည်း ကျွန်မတို့ နဲ့ နီးတဲ့ မြို့နယ်ဆိုတော့ ရှမ်းပဲ ခေါ်ပါတယ် ဆန်စီးမခေါ်ပါဘူး။ ရန်ကုန်မှာတော့ အထူးဆန်းကြီးဖြစ်နေတာပေါ့။
နောက်တစ်ခု အရသာ ကျွန်မတို့ဘက်မှာက အရသာက ချိုဆိမ့်နေတာ ခေါက်ဆွဲတစ်ပွဲစားရတာ တကယ် အရသာရှိတာ။ ဒီရန်ကုန်မှာတော့ ငန်ညက်ညက် အရာပဲ များပါတယ်။ ဆီတော်တော်ကြီး သုံးပါတယ်။ ခေါက်ဆွဲတစ်ပွဲဆိုရင် ဆီတွေက ပြင်လို့ မြင်နေရတော့ တခါတလေ စားဖို့ တွန့်တောင် တွန့်မိပါတယ်။ ကျွန်မတို့ ဘက်တွေကတော့ ဆီအများကြီးမသုံးပါဘူး။ ဆီများတဲ့ ဆိုင်လည်း ရောင်းရမှာမဟုတ်ပါဘူး။ ဆိုင်တွေ ကလည်းပေါသလို ဆီပေါတဲ့ အရာသာက အစာအရသာကို ဖျက်ဆီးသလို ဖြစ်နေတော့ မစားကြတော့တာပါ။ နောက်ပြီး အသားကို တစ်နေကုန် နူးအောင်ပြုတ်ထားတာကို ထည့်ပါတယ်။ ဆီတွေနဲ့ ကျော်ထားတာကို မထည့်ပါဘူး။ အဲ့ဒါထည့်ရင် ဆီတွေက အပေါ်မှာ ပေါလော ပေါ်နေတတ်လို့ပါ။
ဒါအကြောင့် အရသာက ချိုဆိမ့်နေတာပါ။ လုပ်တာသပ်သပ်ရပ်ရပ်ရှိပါတယ်။ ရန်ကုန်ကတော့ အများစားဖြစ်ပြီး လူထူတဲ့နေရာဆိုတော့ သိပ် မသန့်ရှင်းပါဘူး။ ဒါပေမယ့် ကျွန်မတို့ ရွေးချယ်စရာမရှိတော့ ဒါပဲ စားရတော့တာပါပဲ။
နောက်တစ်ခုကတော့ ဈေးပေါ့ အရသာက ငန်ညက်ညက်နဲ့ ဆီတွေအများကြီးထည့် အသားနဲ့စားရင် အသားဖတ်က နည်းနည်း ထည့် အရွက်ကလည်း နည်းနည်းလေး ထည့်ပေးပေမယ့် တစ်ပွဲကို (၁၀၀၀) အနည်းဆုံး တစ်ထောင်ကျပ်ရောင်းပါတယ်။ ကျွန်မနယ်မှာကတော့ တစ်ပွဲ ၃၀၀ ကနေ ၅၀၀ အများဆုံးပါ။ ကဲဘယ်လောက်သက်သာလိုက်လဲနော်။
ဒါကြောင့် တစ်ခါခါ ရန်ကုန်မှာ အပြင်မှာ ခေါက်ဆွဲထွက်စားရတဲ့ အချိန်တွေမှာ နယ်ကို တကယ်သတိရပါတယ်။
၂၅.၄.၂၀၁၆
No comments:
Post a Comment