စစ် နဲ့ နည်းပညာ

2nd World War
Drones
 


           
           ပထမ ကမ္ဘာ စစ်ကို (၁၉၁၄-၁၉၁၈) ကာလလို့ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ အခု လူ တွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သယ်ယူပို့ဆောင်နေတဲ့ လေယဉ်တွေကို တည်ထွင် အောင်မြင်ခါစပဲရှိသေးတယ်လို့ ဆိုပါတယ်။ ပထမဦးဆုံး လေယာဉ်စီးရတဲ့ အမေကန်က လေတပ်လူငယ်လေတပ်သားတွေအကြောင်း ဇာတ်လမ်းရိုက်ထားတာ ကြည့်ဖူးပါတယ်။ အဲဒီမှာ ရိုက်ပြထားတာတော့ ဂျာမနီက ပြင်သစ်ကို သိမ်းတဲ့ အချိန် သူတို့ က သွားပြီး ကူရတာပေါ့ သွားတာကတော့ ရထားကြီးနဲ့ ပါ......... အဲ့ဒီခေတ် က ရထားခေတ်ကို။ ဟိုရောက်တော့ လေယာဉ်ဆိုတာကို ပြပါတယ်။ အထူးအဆန်းကြီးပေါ့ ဒါကြီးနဲ့ စစ်တိုက်ရမယ်ဆိုတော့။ ဆိုလိုချင်တာကတော့ နည်းပညာကို ရှာဖွေကြတယ် ဒါပေမယ့် လူသတ်လက်နက်အဖြစ်လည်း တစ်ဖက်က သုံးပါတယ်။ အထက်ပါ ဇာတ်လမ်းထဲက သရုပ်ဆောင်တစ်ယောက်ဆိုရင် စစ်ကြီးပြီးရင် ဒီကြီးစီးပြီး အလုပ်လုပ်ရမယ်လို့ မျှောင်လင့်မိပါတယ်တဲ့။ ဆိုတော့ တစ်ယောက်က စိတ်မပူပါနဲ့ တဲ့ အဲ့ဒါကြီးနဲ့ စာပေးစာယူ လုပ်မယ်ကြားတယ်တဲ့။ အခုခေတ်ပြောတော့ ........ မယုံချင်စရာကြီး။
    တစ်ခါ ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ဖြစ်ကြပြန်ရော အနုမြူတီထွင်တယ်...... အောင်မြင်တယ်............ အနုမြူဗုံးအနေနဲ့ အသုံးပြုလိုက်တာ (၁၉၄၁) မှာ အမေရိကန် ဟာဝိုင်အီကျွန်းက ပုလဲဆိပ်ကမ်း (Pearl Harbor) ကို အနုမြူဗုံးကျဲလို့ အမေရိကန် ရေတပ်၊ လေတပ်တွေ (၃၀၀၀)ကျော် သေကုန်တယ်ဆိုပါတယ်။ အဲ့ဒါနဲ့ အမေရိကန်က ဂျပန်ကို ပြန်တော်လှန်မယ်ဆိုတော့ ၁၉၄၂ မှာ ဂျပန် ဟီရိုရှီးမား ကို အနုမြူ ဗုံး သွားပြန်ကျဲပြန်တယ်။ သေကြ ကျေကြတာ မြင်လို့တောင်မကောင်းပါဘူး (ဇာတ်လမ်းထဲမှာ)။ တကယ်တော့ အမေရိကန်က ဥရောပက ဂျာမန် ပြင်သစ် အင်္ဂလန်တို့ နွဲနေတဲ့ စစ်ကို ပါဝင်ဖို့ ငြင်းဆန်ခဲ့ပေမယ့် ပုလဲဆိပ်ကမ်း ဗုံးအကျဲအပြီးမှာတော့ သူလည်း စစ်ကြီးထဲပါလာပြီး ကမ္ဘာချီ စစ်ပွဲကြီး ဖြစ်လာတော့တာပါပဲ။
 အခုခေတ်သစ်မှာတော့ ဘာတွေတည်ထွင်လာ သလဲဆိုတော့ လိုက်တောင် မမှီတော့ပါဘူး။  ပြင်ချင်တဲ့ ကောင်ကို အပေါ်က ဂျိုတုနဲ့ ကြည့်ပြီး Drone နဲ့ ကြည့်ပီး ပစ်ချလို့ရတယ်။ လူကိုယ်တိုင်သွားစရာမလိုဘူး။ အဲ့လူဘာလုပ်တယ် ဘာပြောတယ် ဘာကြံစည်တယ်ဆိုတာ ဖမ်းထားလို့ရတယ်။ မသင်ကာရင်ပစ်ချပစ်တာပဲ။ ဘယ်လောက်အထိ အဆင့်မှီသွားလည်းဆိုရင် ကိုယ်ခြေရာ ခံနေတဲ့သူ က လုပ်နေတာအကုန်မြင်ရတယ်။ ဟိုဒင်း ဟိုဟာကို အိမ်က အိမ်ခန်းထဲမှာ မဟုတ်ပဲ မိုးကောင်းကင်နဲ့ မကွယ်တဲ့ နေရာမှာ လုပ်ရင်တော့ သွားပြီ အကုန်ကြည့်လို့ရတယ်။ 
 အဲ့သလောက်ခေတ်မီလာတဲ့ အချိန်မှာ နောက်ထပ် ကမ္ဘာချီစစ်သာဖြစ်မယ်ဆိုရင်လေ ............ ကမ္ဘာလည်း ပျက်တော့မလားပါပဲ....................
လူသားတွေ ကိုယ့်အတ္တကိုယ် ဆင်ချင်နိုင်ကြမလား......... ဆက်ပြီး မိုက်မဲကြမလား.......... 

ဇင်မာဦး 
၂၂.၄.၂၀၁၆

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment