#‎လူမှုမီဒီယာနဲ့‬ ထင်ပေါ်ကျော်ကြားမှု



ဒီနိုင်ငံမှာ ဖုန်းတွေ ဦးသိန်းစိန်အစိုးရနဲ့အတူ မိုလိုပေါက် ဟိုးတုန်းကလို ဈေးမကြီးသလို လွယ်လွယ်ကူ ကူရကြတော့ လူတိုင်းက ဖုန်းနဲ့
ဒီလို အခြေအနေ မရောက်ခင်က တခြားနိုင်ငံက လယ်သမားတွေတောင် ဖုန်းသုံးနိုင်တဲ့ပုံလေးတွေနဲ့ သတင်းစာတွေမှာ ပါပါလာတွေ့ဖူးပါတယ်
အဲ့ဒီလို အနေအထားမှာ Facebook မဆိုထားနဲ့ Gtalk တောင် အနိုင်နိုင်ပါ ဖုန်းတွေ ၁၅၀၀ နဲ့ရတယ်ဆိုတာ အဲ့ခေတ်က ပြောရင် ရယ်မိကြမှာပါ
အခုတော့ Operator တေကအပြိုင် ဖြစ်လာပါပီ
အဓိက ပြောချင်တာလေးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က သင်တန်းတစ်ခုမှာ ဆွေးနွေးခဲ့တာလေးအမှတ်ရမိလို့ပါ ဆွေးနွေးကြတဲ့အကြောင်းအရာက အခုမိုဘိုင်းလ် ဖုန်းတွေ အပြိုင်အဆိုင် ဈေးပေါပေါနဲ့ ရတော့မယ် ဆိုတော့ မြန်မာနိုင်ငံမှာ ဘယ်လို ကောင်းတဲ့ ဆိုးတဲ့အကျိုးကျေးဇူးတေ ရနိုင်မလဲပေါ့ အဲ့တုန်းကတော့ တကယ်အနေအထားမရောက်သေးတော့ အမျိုးမျိုး စိတ်နဲ့မှန်း ဝေဖန်သုံးသပ်ဖြစ်ကြပါတယ်
အခု အဲ့ဒီခေတ်ကြီးထဲ တကယ်ရောက်တော့ ဘာတေဖြစ်လာလဲ အားလုံးသိလာရပါပီ
- လူမှုမီဒီယာ Facebook ဆိုတာ ဖွဘုတ်လို့ ခေါ်ရတဲ့အထိ လူတစ်ယောက်
- နာမည်ကြီးချင်ရင်လည်း သုံးလို့ရတယ်
ပါတီ အဖွဲ့အစည်း ဝါဒဖြန့်ချင်ရင်လည်း အလွယ်လေး
- စီးပွားရေး လူမှုရေး မေတ္တာရေး စတဲ့ ကောင်းတာတွေရော ဆိုးတာတွေရော အကုန် အလွယ်လေးပါပဲ
ဒီFacebook တစ်ခုတည်းတင် ဟုတ်တာတေရော မဟုတ်တာတေရော်ရေးကြ ပြောကြ မေးခွန်းထုတ်ကြ အပြန်အလှန် တိုက်ခိုက်ကြနဲ့ ဒီကမ္ဘ်ဘာ တစ်ခုတင် စစ်ပွဲတေ တိုက်ပွဲတေ Battles အမျိုးမျိုး နွဲနေကြတာ
လူတေက တစ်ရက် တစ်ရက် အဲ့ဒါကြီးနဲ့ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
ပျော်စရာလည်းကောင်းသလို
ကြောက်စရာလည်းကောင်းတယ်
ဒါကြီးကြောင့်ပဲ လူတေက တက်ချင်ရင် နာမည်ကြီးချင်ရင်လည်း မကြာသလို
နာမည်ပျက်ချင်ရင် နာမည်မရှိချင်ရင်လည်း ချက်ချင်းကြီးလေ
အဲ့လူတစ်ယောက် အဖွဲ့အစည်းကို ပုတ်ခတ်ချင်ပြီဆိုလည်း Click တစ်ချက်
နာမည်ကျော်ချင်ရင်လည်း Click တစ်ချက်
အော် တရားလည်းရသလို
ဥပမာ - အကယ်ဒမီကစကြပါစို့ ခင်လှိုင် ခင်လှိုင် အဲ့နောက်တော့ ကျောင်းသားကျောင်းသား (ဆဲကြတာမိုးကို မွန်လို့) နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြိုးမင်းသိန်း ဖြိုးမင်းသိန်း(ကန်တော့ပါ ဦးမထည့်တာ ပြောကြတဲ့အတိုင်းရေးချင်လို့) ပြီးတော့ ဘာလဲ အေးမြတ်သူ အေးမြတ်သူ ပြီးတော့ အကျင်းသားလွတ်ပေး သတင်း
အခုဒီနေ့တော့ ဘာလဲ မဗသ က ဘာလုပ်တယ် ညာလုပ်တယ်
အဲ့ကမ်ဘာကြီးက ဘာမဆို လွယ်တာကြီးပါကောလို့
‪#‎မှတ်ချက်‬ - Facebook ပေါ်က တစ်ရက်တစ်မျိုး မရိုးသော Hot News များအားဖတ်ရင်း

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment