ရွှေလုပ်ကွက်နှင့်လယ်ယာမြေပြဿနာ - ၀န်းသို -ကောလင်း-ပင်လည်ဘူး- ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် (၇) 
မြို့နယ်မှာရှိသော  ရွှေလုပ်ကွက်များကြောင့် တောင်သူများ၏ သမရိုးကျလယ် လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများ နေကြောင်း သိရသည်။
စပါးစိုက်ပြီးဝမ်းရေးပြဿနာ ဖြေရှင်းရသောတောင်သူများခမျာ လယ်ယာမြေများတွင်ရွှေလုပ်ကွက် ခွင့်ပြုထားသော အာဏာပိုင်အဖွဲ့ အစည်း၊  အရှိန်အ၀ါကုမ္ပဏီများ ကြောင့် “ခံချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ၊ ခါးကမ သန်” ဖြစ်ရရှာပါတော့သည်။
အပြိုင်အဆိုင်စီးပွားပြိုင်တွေ ကြားဝယ် အပြစ်မဲ့သော တောင်သူ  များ ဒုက္ခနွံတွင်းက ရုန်းမတက်နိုင် ဖြစ်ကြရသည်။


ရွှေလုပ်ငန်းရွှေလုပ်ကွက်များ မှာ တရားဝင်ရော တရားမ၀င်ပါ  အုတ်အရောရော ကျောက်အရော  ရောဖြစ်ပြီး နယ်ပယ်လုယူမှု၊ တစ်ဆင့်ခံရောင်းစားမှု လုပ်ကိုင် ခွင့်ခွဲဝေသုံးစွဲမှု၊ လယ်ယာမြေများ  တိမ်ကောပျက်စီးရသည်။ ရွှေကြောင့်   ဘေးထွက်ဆိုးကျိုးဖြစ်သော ဆိုင်ယာနိုက်အက်စစ် ဓာတုပစ္စည်း  များသည် ချောင်းရေ၊ မြောင်းရေ မှတစ်ဆင့် မြေအောက်ရေအထိ စိမ့်ဝင်ရောက်ရှိသွားကြပြီး တစ်နယ်  လုံးရှိသောက်သုံးရေများကို ဒုက္ခ   ကြီးစွာပေးတော့သည်။ ရွှေထွက် သောနယ်မြေဒေသည် ကပ်ဆိုး  သင့်ခံရခြင်းပင်။ ကမ္ဘာတွင် အသုံး  မပြုရန် တားဖြစ်ထားသော ဆိုင် ယာနိုက်အက်စစ်ကို မြန်မာနိုင်ငံ တွင် အလျှံပယ်အသုံးပြုနေကြပြီး လူထုအား အက်စစ်ဓာတ်ဖြင့် သတ်  နေကြပြီ။ ရွှေထွက်သောဒေသရှိ   လူအများတွင်အသည်းရောင်အသား  ၀ါ B ပိုး၊C ပိုးနှင့် အသည်းရောဂါ အမျိုးမျိုးတို့ကို လူဦးရေ၏ ၇၅ ရာခိုင်နှုန်းအထက်ဖြစ်ပွားနေရခြင်း က သက်သေပြနေပါသည်။
မိမိကိုယ်ကျိုးစီးပွားအတွက်  တစ်ခုတည်းသာကြည့်ပြီး လုပ်နေ သူလုပ်ငန်းရှင်ကြီးများ အဖွဲ့အစည်း  များအား နိုင်ငံတော်အကြီးအကဲ များက လျစ်လျူရူနေရန်အချိန် မဟုတ်တော့ပါ။ ၇၀ ရာခိုင်နှုန်း ရှိသော ကျေးလက်နေပြည်သူတို့ ၏ အရေးသည်နိုင်ငံ၏အရေးပင်   မဟုတ်ပါလော။
ဓနဥစ္စာရှင်များ၏ ရွှေလုပ် ကွက်တွင် ဇောင်းပေးဆောင်ရွက်  မှုကြောင့် ကျွန်းလှမြို့နယ်မှ သဖန်းဆိပ်သည်၊ ပင်လှည်ဘူးမြို့ နယ်မှ ဒေါင်းမြူးချောင်းတို့တွင် ငါးများ၊ ရေသတ္တ၀ါများနှင့် ကျွဲ နွားများမှာ အက်စစ်များကြောင့် သေကြေပျက်စီးဆုံးရှုံးကြရသည်။  ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ သမရိုး ကျစိုက်ပျိုးစားသောက် နေထိုင်  ကြသော ကျေးလက်တောင်သူ ဒေသခံတိုင်းရင်းသား ရှမ်း၊ ကဒူး၊ ဂဏန်းများနှင့် မြန်မာလူမျိုးများ လုပ်ငန်းခွင့်ကို ကျောခိုင်းရှောင်ပြေး  ရမည့် အခြေအနေနှင့် ရင်ဆိုင်   နေရပြီဖြစ်သည်။
နေ့ချင်း ညချင်း စီးပွားဖြစ် သော ရွှေလုပ်ငန်း ရွှေလုပ်ကွက်  ကြောင့် ချမ်းသာမှု ငွေကြေးရနိုင် မှုကိုသာ ကွက်ကွက်ကလေးကြည့်  ပြီး မသေချာ မရေရာသော စပါး  ထွက်နှုန်း၊ စိတ်မချရသော စပါး  ဈေးနှုန်းများ၏ စိန်ခေါ်မှုများကြား  ၀ယ် လူးကာ လွန့်ကာ အသက် မွေးကြရသော တောင်သူလယ် သမားများက ဆင်းရဲနွမ်းပါးမှု အခြေအနေ ၂၅ ရာခိုင်နှုန်းဘောင်   မျဉ်းကြောင်းမှကျော်လွှားနိုင် ရေးအတွက် ပြင်ပစီးပွားရေး လုပ်ငန်းရွှေလုပ်ကွက်ကိုသာအာရုံ စိုက်လာကြသည်။
ရွှေလုပ်ကွက်ရွှေလုပ်ငန်း၌ စရိတ်ငြိမ်းလုပ်အားခရှစ်သောင်း၊  တစ်သိန်းရနိုင်မှုကိုသာ ကွက်ကြည့် ပြီး လယ်တော ယာတောကို ကျောခိုင်း၍ ရွှေတော ရွှေလုပ်ငန်း  ရွှေလုပ်ကွက်၌သာ “သပိတ်ဝင်  အိမ်ဝင်” ဆောင်ရွက်နေကြပြီ။
အက်ဆစ်၏ဘေးထွက်ဆိုး ကျိုးကြောင့် ချောင်းရေ၊ မြောင်း ရေများသည် ရွံ့နွံ့ရည်၊ အက်ဆစ်  ရည်၊ ဓာတုပစ္စည်းပေါင်းများစွာတို့  ပျော်ဝင်ပျံနှံ့ရောနှောကာကောလင်း မြို့နယ် ကြို့ပင်၊ အုန္နကျင်း၊ သပြေသာ၊ အုတ်တိုက်ကုန်း၊ ထိန်အင်း၊ ကျောက်ပြင်သာ၊ ၀ါးသီး  ကုန်း၊ ကျောက်တန်းနှင့် ၀န်းသို မြို့နယ်ဒေသများတွင် မွေးမြူထား  သော ကျွဲ၊ နွားများ သောက်သုံး ရေ အခက်အခဲများကြုံနေကြရပါ ပြီ။ ညစ်ညမ်းသောရေကြောင့် အဆိပ်သင့်မှု ဘေးထွက်ဆိုးကျိုး  များကို ကြီးစွာခံစားနေကြရပါပြီ။
၂၀၀၉ ခုနှစ်နောက်ပိုင်း တိုးချဲ့ရွှေလုပ်ငန်း ရွှေလုပ်ကွက် များကား အချို့နေရာများတွင် နိုင်ငံတော်သို့ပေးသွင်းရန် လျာထား  ချက်အခွန်ရွှေများမပေးသွင်းနိုင်၍ သက်ဆိုင်ရာအာဏာပိုင်များက  ပိတ်ဆို့တားဆီးထားသော်လည်း၊  အချို့နေရာများက လုပ်နေဆဲဖြစ်   ပါသည်။ ရွှေလုပ်ငန်းဆောင်ရွက်  နေကြသော တရားမ၀င်ရွှေလုပ် ငန်းရှင်များ၊ ကိုယ်ကျိုးအတ္ထသာ ကြည့်ပြီး ဒေသခံများအကျိုးကို  မျက်စိမှိတ်နေကြသော လုပ်ငန်း  ရှင်ဆိုးများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းပြီး စည်းစိမ်ရှင်များလုပ်နေ သော လုပ်ပိုင်ခွင့်ရှိသူများအား နိုင်ငံတော်၏ မျက်နှာကို ထောက်ထား၍ တိတိပပဖော်ထုတ်  အရေးယူသင့်ပါပြီ။ နိုင်ငံတော်ကို နိုင်ငံခြားဝင်ငွေ၊ ပြည်တွင်းဝင်ငွေ   ခွန်များ မှန်မှန်ကန်ကန်ရရှိစေရန်   တိတိပပကိန်းဂဏန်းများဖြင့် ဖော်ထုတ်ဆောင်ရွက်သင့်ပါ ကြောင်း။ 
 
http://layuethonthon.blogspot.com/2013/03/blog-post_5617.html မှ ကူးယူဖော်ပြပါသည်။ 

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment