လယ်ယာသုံးကျွဲနွားများ တရုတ်နိုင်ငံသို့ တင်ပို့  နေဆဲ

မြန်မာနိုင်ငံသည် စိုက်ပျိုး ရေးကို အဓိကထားသောနိုင်ငံ ဖြစ်သည်။ လူဦးရေအများစုမှာ လည်း တောင်သူလယ်သမား အများစုဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးနိုင်ငံအတွက် ကျွဲနွား များသည် မရှိမဖြစ် လိုအပ်သော ကြောင့် ကျွဲနွားများကို ၀ယ်ယူ စုဆောင်း၍ တရုတ်နိုင်ငံ
နယ်စပ် တွင် တရုတ်ငွေကြေး မြင့်တက် လာ၍ ကျေးလက်ဒေသများသို့ ၀ယ်ယူတင်ပို့မှု များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
““ကျွန်တော်တို့ဆီမှာ ၀န်းသို မြို့နယ်၊ ရွှေတောင်ကုန်းကျေးရွာ နှင့် ကျုံးကြီးကျေးရွာက ဒေသခံ အချို့ ကျွဲနွားတွေလာဝယ်ကြပါ တယ်။ ကျွန်တော်တို့ ဒေသခံ ကလည်း ငွေရေးကြေးရေး ကြပ် တည်းတော့ ကျွဲပေါက် (၃)နှစ် သားအရွယ် (၁)ရှင်းကို (၇)သိန်းနဲ့ အကြွေးရောင်းပေးလိုက်ပါတယ်။ (၁)နှစ်လောက် မိမိတို့ရဲ့ လယ်ယာ လုပ်ငန်းခွင်မှာ အသုံးပြုပြီး လာ ၀ယ်တဲ့သူတွေကို ကျွန်တော်တို့ က ကျွဲ(၁)ရှင်းကို (၇)သိန်းနဲ့ အကြွေးရောင်းပေးလိုက်ပြီး ကျွဲ (၁)ရှင်းကို (၅)သိန်းနဲ့ ပြန်ဝယ် တဲ့အခါ ငွေပိုငွေလျှံလည်း သုံးရ သလို ကျွဲကောင်ရေလည်း လျော့ မသွားဘူးပေါ့။ ကျွန်တော်တို့ ဆီက ဇွန်လအတွင်း ၀ယ်သွားတဲ့ ကျွဲနွားတွေကို ကောလင်း၊ ၀န်းသို နယ်ကနေဖြတ်ပြီး ထီးချိုင့်မြို့နယ် ကို တောလမ်းအတိုင်း မောင်းနှင် ပြီး ကသာမြို့နယ်၊ သံပုရာ ကျေးရွာမှ ဖမ်းဆီးအရေးယူ လိုက်တော့ ကျွန်တော်တို့မှာ ကျွန်တော်တို့ဆီက ၀ယ်သွားတဲ့ သူတွေ ဖမ်းဆီးအရေးယူခံရ တော့ ကျွဲနွားရောင်းပေးလိုက်ရ တဲ့ ပိုက်ဆံလည်းမရ၊ လယ်ယာ လုပ်ငန်းခွင်သုံးဖို့ ကျွဲနွားပေါက်စ တွေကိုလည်း အစားထိုးပြန်ဝယ် လို့ မရတော့ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်နေပါတယ်””ဟု ကောလင်းမြို့နယ်၊ ကျွန်းတော ကျေးရွာမှ ကျွဲ၊ နွားရောင်းချသူ ဒေသခံတချို့က ပြောသည်။
အဆိုပါ ကျွဲနွားများအား ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် အတွင်း ကျွဲနွားဝယ်ယူသူများ သည် လိုက်လံဝယ်ယူ၍ ချပ်သင်း ကျေးရွာနှင့် ကိုးတောင်ဘို့ ကျေးရွာတို့တွင် (၁၀)ဘီးယာဉ်၊ (၁၂)ဘီးယာဉ်များဖြင့် တင်ဆောင် ကာ မြတ်နိုးသူ သစ်ထုတ်လုပ်ရေး ကုမ်္ပဏီအသုံးပြုသော လမ်းမကြီး မှ ဧရာဝတီမြစ်ကမ်းဘေးရှိ ထီးချိုင့် မြို့နယ်၊ ဘိုကုန်းကျေးရွာနှင့် မရ သိမ်ကျေးရွာဆိပ်ကမ်းမှ ညအချိန် မော်တော်များဖြင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းတကောင်းနယ် ဆိပ်ကမ်းများသို့ သယ်ယူကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်း မြို့နယ်နယ်စပ်၊ ကချင်ပြည်နယ် စပ်၊ မန္တလေးတိုင်းဒေသကြီးနယ် စပ်၊ စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ် တို့ဆုံရာ ငအိုးလမ်းကြောင်းဘက် မှ တောလမ်းအတိုင်း ခြေလျင် မောင်းနှင်ကာ တရုတ်နိုင်ငံ နယ်စပ်သို့ ပို့ဆောင်ရောင်းချ နေကြောင်း ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာမှ ဒေခံအချို့က သုံးသပ်ပြောဆိုသည်။
ယခင်က ကျွဲနွားဥပဒေအရ (၁၆)နှစ်ပြည့်ပြီးသော ကျွဲနွားများ ကို ရောင်းချရမည်ဆိုသော်လည်း ယခုအခါ တရုတ်နိုင်ငံနယ်စပ်သို့ သယ်ယူရောင်းချနေသည့် ကျွဲနွား များမှာ ခိုင်းကောင်းသည့် (၆)နှစ် အရွယ်၊ (၇)နှစ်အရွယ် ကျွဲနွားများ ကို ဈေးကောင်းပေး၍ ၀ယ်ယူနေ သည့်အတွက် (၁၆)နှစ်ပြည့်ပြီး သော ကျွဲနွားများမှာ ၀ယ်ယူမှု နည်းပါးကြောင်း ယခုလိုသာ ဆက်ပြီး တရုတ်နိုင်ငံ နယ်စပ် ဈေးကွက်သို့ ခိုင်းကျွဲနွားများ သယ်ယူရောင်းချနေပါက လယ်ယာလုပ်ငန်းခွင် ကျွဲနွားများ ရှားပါးလာနိုင်ဟု ဆိုသည်။
By Hot News Weekly

http://myanmarnewsformyanmar.blogspot.com/2012/08/blog-post_424.html မှ ကူးယူဖော်ပြပါသည်။ 

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment