ဗန်းမောက်မြို့နယ်တွင် ရှမ်းနီလူမျိုးတို့၏ သမိုင်းဝင်ဘုရားနယ်မြေ ရှာဖွေတွေ့ရှိ

Monday, February 10, 2014
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့

နယ်တွင် ၀န်းသို စော်ဘွားကြီး ဦးအောင်မြတ်၏ 
ဖခင် မိုးကောင်းမြို့ဝန်ဦးရွှေသား (ယခင် ၀န်း
သိုစော်ဘွား) နှင့် ကြင်ယာတော် မံလောင်း
တိုက်နယ် ကြာအင်းသူ ဒေါ်ဒွေးဖြူ ခေါ် သုဝဏ္ဏ 
ကာယဒေ၀ီ တို့ သက္ကရာဇ် ၁၈၅၉ ခုနှစ်ခန့်က တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရားစေတီ
 ဟောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗန်းမောက်မြို့မှ
ဦးကျော်သိန်းကပြောကြားသည်။

'' အဲ့ဒီတောင်ကိုရှမ်းလို ပဲ့တယ်ဖလား မြန်မာလို ဘုရားတောင် လို့ခေါ်တယ်။ရှေးလူကြီးတွေရဲ့ပါးစပ်
ရာဇ၀င်အရ အဲ့ဒီတောင်မှာ စော်ဘွားကြီး ဘုရားတည်ခဲ့တယ်လို့သိရတယ်။ နောက်ပြီး အဲ့ဒီတောင်ရဲ့အရှေ့ဘက်မှာ စော်ဘွားကြီးမြင်းချည်တဲ့နေရာ ရှမ်းလို ပဲလိုင်မ မြန်မာလိုမြင်းချည်တောင် ဆိုတာရှိတယ်။ အဲ့ဒီတောင်မှာ အခုလို တပို့တွဲ တပေါင်းလတွေမှာတောင် တောင်ပို့မိုပေါက်တယ်။ အဲ့ဒါလည်း ရာဇ၀င်ရှိတယ်။ တစ်ခါတုန်းက စော်ဘွားကြီးက ခုလိုတပို့တွဲလကြီး တောင်ပို့မိုစားချင်တယ်လို့ သူ့လူတွေကိုပြောတော့ ဒီအချိန် တောင်ပို့မိုမပေါက်ပါဘုရားလို့ပြောတာကို စော်ဘွားကြီးက ဟိုးတောင်ပေါ်မှာ သွားကောက်ချေလို့ပြောတာ တကယ်သွားကြည့်တော့လည်း တောင်ပို့မိုတွေ
ပေါက်နေတယ်လို့ပြောတယ်။

အခုထိ လည်း ပေါက်တုန်းပဲ။ ပြီးတော့ ဘုရားတောင်မှာလည်း တန်းခူး ကဆုန်လတွေမှာ ဓာတ်တော်တွေကွန့်မြူးတာကိုတွေ့ရတယ်။ " ဟု ၎င်းကဆိုသည်။

ပါးစပ်ရာဇ၀င်သမိုင်းအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဟုမ္မလင်းမှ နွဲ့နိုင်း ရသေ့ ၂ ပါင်းနှင့် အတူ မံလူအုပ်စု ဇီးကုန်း ပင်းခါး ကျေးရွာ အုပချုပ်ရေးမှူး ဦးကျန်ဖေတို့မှ ပထမဦးဆုံး သွားရောက်လေ့လာ တွေ့ရှိခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ ဘုရားတည်နေရာမှာ ဗန်းမောက်မြို့နယ် မံခါးတိုက်နယ်၊ မံလောင်း ပေပင်တိုက်နယ်၊ အနောက်တာ တိုက်နယ် တို့၏ ၂ မိုင်ခွဲစီ ဗဟိုဖြစ်သော ယခု ဇရပ်သုံးဆောင် အနီး တောင်ထပ်တွင်တည်ရှိကြောင်းလည်းသိရသည်။

Credit: ရှမ်းနီ သတင်းဌာန
http://winmyint.blogspot.com/2014/02/blog-post_7784.html မှ ကူးယူဖော်ပြပါသည်။

Zin Mar Oo - ဇင်မာဦး

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment